အောင်လံမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာတချို့တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းကြီးကျောင်းနှင့် လူနေအိမ်များအမိုးလန်ပျက်စီး
May 10,2023
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်တွင် ယမန်နေ့ညနေ ၅ နာရီခွဲ အချိန်ခန့်က မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ရွာပြင်းကျေးရွာအုပ်စု၊ ရွာဟိုင်းကျေးရွာ၊ ရွာပြင်းကျေးရွာ၊ ရွှေသူဌေးကျေးရွာ၊ စစ်အောင်ကျေးရွာအုပ်စု၊ ဥယာဉ်ကျေးရွာ၊ မိုးဖုန်းကျေးရွာအုပ်စု၊ မိုးဖုန်းကျေးရွာ၊ ဇောင်းလျားကျင်း ကျေးရွာအုပ်စု၊ ဈေးကုန်းရပ်ကွက်တို့တွင် လူနေအိမ်(၃၄)အိမ်၊ ဘုန်းတော်ကြီးကျောင်း (၃)ကျောင်း၊ အ.လ.က စာသင်းကျောင်း(၁) ကျောင်းတို့မှာ အမိုးလန်ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် ၄၀၀ kv ကွန်ကရစ် လျှပ်စစ်မီးတိုင်(၂)တိုင် တို့မှာလည်း ပျက်စီးဆုံးရှုံးခဲ့သည်။