ကျိုင်းတုံမြို့၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများ ကွင်းဆင်းဆောင်ရွက်

ကျိုင်းတုံ ဇွန် ၃၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သည့် စစ်ကြောင်းကြီး(၅)ကြောင်းမှ ဟွေအော်အုပ်စု၊ ဟွေအော်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ ယနေ့ နံနက်(၁၀)နာရီ က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကျိုင်းတုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့(ဥက္ကဋ္ဌ) ဦးလှိုင်းမောင်မောင်နှင့်  ဌာနဆိုင်ရာ တာဝန်ရှိသူများက ဒေသခံပြည်သူ့များနှင့် တွေ့ဆုံကာ ကျေးရွာလုံခြုံရေးအေးချမ်းရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ကျန်းမာရေးနှင့်ပညာရေး အစရှိသော ကဏ္ဍများ ဖွံဖြိုးတိုးတက်စေရန်အတွက် ဆွေးနွေးဟောပြော ခဲ့ကြကာ ဒေသခံများမ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြသည်။

ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက ဒေသခံပြည်သူများ အိမ်ထောင်စုစာရင်း ဖြည့်သွင်းခြင်း၊ ပယ်ဖျက်ခြင်း၊ မွေး/သေစာရင်းများ ကောက်ယူခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခဲ့ပြီး ကျန်းမာရေးဌာန ဝန်ထမ်းများက လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စိုင်းရွှေအောင်(ခရိုင်ပြန်/ဆက်)