ဘုတင်လင်မြို့၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် မိုးသီးနှံစံပြကွက်စိုက်ပျိုးမည့် တောင်သူများအား ပံ့ပိုးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲနှင့် ကောက်ရိုးမှိုစိုက်ပျိုးနည်းအား သရုပ်ပြ

မုံရွာ ဇွန် ၃၀

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်၊ ဘုတလင်မြို့ စိုက်ပျိုးရေးဦးစီးဌာန၊ တို့တောင်သူစုဝေးသဘင်ခန်းမတွင် ယနေ့နံနက်ပိုင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ မိုးသီးနှံစံပြကွက် စိုက်ပျိုးသည့် တောင်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေး ကြီးကြပ်ကော်မတီအဖွဲ့ဝင်များ၊ တောင်သူများ တက်ကရာက်ခဲ့ပြီး ဘုတလင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးသိန်းက  စံပြကွက်စိုက်ပျိုးပြသခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး အကျိုးဆောင် တောင်သူများအား ပံ့ပိုးပစ္စည်းများဖြစ်သည့် စပါးမျိုးစေ့၊ နေကြာ၊ ဝါ၊ ပဲဇဉ်းငုံမျိုးစေ့များနှင့် ယူရီးယားဓာတ်မြေဩဇာ၊ ကွန်ပေါင်းဓာတ်မြေဩဇာများကို တက်ရောက်လာသည့် တောင်သူ(၄၅)ဦးထံသို့ အသီးသီးထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်၍ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက တက်ရောက်လာသည့် တောင်သူများအား တစ်နိုင်တစ်ပိုင်ကောက်ရိုးမှိူ စိုက်ပျိုးနည်းသင်တန်း လက်တွေ့ပြသခဲ့ကြောင်း သိရှိရသည်

ခရိုင်(ပြန်/ဆက်)