မော်လမြိုင်ကျွန်းမြို့နယ်တွင် စားသုံးသူအကာအကွယ်ပေး အသိပညာပေး (Talk Show) ပြုလုပ်

မော်လမြိုင်ကျွန်း ဇွန် ၂၉

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ မွန်လွဲ(၂)နာရီအချိန်က စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်းးပြီး စားသုံးသူ အကာအကွယ်ပေးနှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ရည်ရွယ်၍ အသိပညာပေး (Talk Show)ကို ပြုလုပ်ဆောင်ရွက်ကြောင်း  သိရသည်။

အဆိုပါ Talk Show ဆောင်ရွက်ရာတွင် မော်လမြိုင်ကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီမှူး ဒေါ်နုနုအေးက Talk. Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီးနောက်  မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး  ဦးမင်းဇော်လတ်က စားသုံးသူအကာအကွယ်ပေးရေးနှင့် ပတ်သက်၍ ချက်(၈)ချက်အား ရှင်းလင်းဆွေးနွေးပြီး‌နောက်  ကုန်စည်ဝန်ဆောင်မှုများနှင့် ပတ်သက်၍ ဝယ်ယူသုံးစွဲရာ၌ စားသုံးသူပြည်သူများ သိရှိစေရန်နှင့်   ထုတ်လုပ် ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းများအနေဖြင့် သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန်အတွက်  စားသုံးသူဆိုင်ရာ အခွင့်အရေးများ၊ ကုန်စည်ဝန်ဆောင်မှုများနှင့် စားသုံးသူများ   ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ စာသုံးသူများ၏ အခွင့်အရေး တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း၊ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ တားမြစ်ချက်များ စားသုံးသူကာကွယ်ရေးဥပဒေပြ ဌာန်းချက်များ၊ ပြစ်မှု၊ ပြစ်ဒဏ်များနှင့် ပြည်သူများနေ့စဉ် လိုက်နာရမည့် အချက်များ၊ ရှောင်ရှားသင့်သည့် အချက်များဆိုင်ရာ အကြောင်းအရာများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ရဲကိုမောင် (ပြန်/ဆက်)