ဖြူးမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ကယ်ဆယ်ဆောင်ရွက်နိုင်ရေးကြိုတင်ပြင်ဆင်ထား
May 10,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း သဘာဝဘေးများဖြစ်သည့် မုန်တိုင်းအန္တရာယ်ကျရောက်လာပါက လျင်မြန်စွာတုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ ရှာဖွေကယ်ဆယ်ရာတွင် အသုံးပြုရမည့်ပစ္စည်းများ၊ ဖြစ်ပေါ်လာပါက ထောက်ပံ့ရေးပစ္စည်း၊ ယာယီနားခိုနိုင်ရန် စီစဥ်ဆောင်ရွက်ထားမှုများနှင့် ကယ်ဆယ်နိုင်ရေး လေ့ကျင့်ထားမှု အခြေအနေများအား သရုပ်ပြသခြင်းကို မေလ(၉)ရက်နေ့၊ မွန်းလွဲ(၃)နာရီက ဖြူးမြို့နယ်မီးသတ်ဦးစီးဌာနရုံးရှေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။