လက်ပံတန်း ဇွန် ၃၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး အသိပညာပေးဆွေးနွေးပွဲကို ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘုန်းလှိုင်က အမှာစကားပြောကြားခဲ့ပြီး မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးနိုင်ဝင်းက ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေများ၊ ပုံစံ(၁၁)နှင့် ပုံစံ-(၇)ဆိုင်ရာအချက်အလက်များ၊ မြေနုကျွန်းဆိုင်ရာဥပဒေများ၊ လယ်ယာမြေလုပ်ကိုင်ခွင့်ရရှိသူများမှ လိုက်နာရမည့်စည်းကမ်းများအား အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသူများမှ လယ်ယာမြေလုပ်ကိုင်ခွင့်၊ အမည်ပြောင်းလဲခြင်းများ၊ မြေနုကျွန်းများနှင့်ပတ်သက်၍ သိလိုသည်များအား မေးမြန်းဆွေးနွေးရာ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူးက ပြန်လည်းရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါဆွေးနွေးပွဲ့သို့ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဘုန်းလှိုင်၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူး၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်နှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)