မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးအမျိုးသမီးအားကစားအဖွဲ့ နာယကဖလား ခရိုင်ပေါင်းစုံ အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်

မကွေး ဇွန် ၃၀

မြန်မာ့ဘောလုံးအားကစား ကျယ်ပြန့်စွာ တိုးတက်မြင့်မားရေးကို အထောက်အကူပြုစေရေး၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ဘောလုံးအားကစားသမား များအချင်းချင်း သွေးစည်း ညီညွတ်မှုစိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်များ ပိုမိုထွန်းကားလာစေရေးနှင့် ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ် လူငယ်သွေးသစ် ဘောလုံးအားကစားသမားများ ပေါ်ထွက်လာစေရေးတို့ကို ရည်ရွယ်၍ သက်တန်းအလိုက် အားကစားပြိုင်ပွဲများကို ကျင်းပပေး လျက်ရှိပြီး၊ ၂၀၂၃-ခုနှစ်၊ မကွေးတိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ နာယကဖလား ခရိုင်ပေါင်းစုံ အသက်(၁၉)နှစ် အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ  ဗိုလ်လုပွဲနှင့် ဆုချီးမြှင့် ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီအချိန်က မကွေးခရိုင် အားကစားကွင်း၌ ကျင်းပရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအမျိုးသမီး အားကစားအဖွဲ့ နာယကနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဘောလုံးအားကစား ဝါသနာရှင်များ တက်ရောက်၍ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် မကွေးခရိုင် အမျိုးသမီးဘောလုံးအသင်းနှင့် ချောက်ခရိုင် အမျိုးသမီးဘောလုံး အသင်းတို့ ယှဉ်ပြိုင် ကစားနေမှုအား ကြည့်ရှုအားပေးသည်။

၂၀၂၃-ခုနှစ်၊ မကွေးတိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ နာယကဖလား ခရိုင်ပေါင်းစုံ အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ နောက်ဆုံး ဗိုလ်လုပွဲအဖြစ် မကွေးခရိုင် အမျိုးသမီးဘောလုံးအသင်းနှင့် ချောက်ခရိုင် အမျိုးသမီးဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မကွေးခရိုင် အသင်းက(၄)ဂိုး (၃)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ နာယကဖလား ခရိုင်ပေါင်းစုံ အသက်(၁၉)နှစ် အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ  ဆုချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကို ကျင်းပရာ ခရိုင်ပေါင်းစုံ အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ဂိုးသမား အကောင်းဆုံးဆုရရှိသော ချောက်ခရိုင်မှ မမေသူဇော်၊ နောက်တန်း အကောင်းဆုံးဆု ရရှိသူ မင်းဘူးခရိုင်မှ မနှင်းနွယ်မိုး၊ အလယ်တန်းအကောင်းဆုံးဆု ရရှိသူ ချောက်ခရိုင်မှ မမြနှင်းဝေ၊ ရှေ့တန်း အကောင်းဆုံးဆုရရှိသူ မကွေးခရိုင်မှ မနှင်းနုဝေနှင့် ဘောလုံးပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး အားကစားသမားဆု ရရှိသူ မကွေးခရိုင်မှ မဆွေဆွေအောင်တို့အား  ဆုကလပ်နှင့် ငွေသားဆု(၃၀၀၀ဝိ/-)စီကို တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ ဒု-ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကလည်းကောင်း၊ တတိယဆုရရှိသော မင်းဘူးခရိုင် အသင်းအား တစ်ဦးချင်းဆွဲပြား ဆုကလပ်နှင့် ငွေသားဆုကျပ်(၃)သိန်းကို တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ဥက္ကဋ္ဌ ဒေါ်စိုးပပ ကလည်းကောင်း၊ ဒုတိယဆုရရှိခဲ့သည့် ချောက်ခရိုင် အမျိုးသမီးဘောလုံးသင်းအား တစ်ဦးချင်းဆွဲပြား ဆုကလပ်နှင့် ငွေသားဆုကျပ် (၅)သိန်းကို တိုင်းဒေ သကြီးအမျိုးသမီးအား ကစားအဖွဲ့ နာယက ဒေါ်ဝင်းဝင်းမြင့်ကလည်းကောင်း၊ ပထမဆု ရရှိခဲ့သော မကွေးခရိုင် ဘောလုံးအသင်းအား တစ်ဦးချင်းဆွဲပြား ဆုကလပ်နှင့် ငွေသားဆုကျပ်(၇)သိန်းကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်ကလည်းကောင်းဆုများကို အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြ ကြောင်း သိရသည်။ 

မောင်ညီညာ