သာပေါင်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား(၇၆၇)ဦးတို့ကို လူမှုရေးပင်စင်‌ ထောက်ပံ့ငွေ (၂၃၀၁၀၀၀၀) ပေးအပ်

သာပေါင်း ဇွန် ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွား (၇၆၇)ဦးတို့ကို မြိုနယ်လူမှု၀န်ထမ်းဦးစီးဌာနမှ ယနေ့နံနက် ၁၀ နာရီအချိန်က သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများ လက်၀ယ်သို့စတင်လွှဲ‌ပြောင်းပေးအပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှဝင်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသန်းနိုင်၊ အဖွဲ့ဝင်(၂) ဦးကျော်တိုး၊ အဖွဲ့ဝင်(၃) မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးမြင့်မြတ်‌ဇော်၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ‌ ဒေါ်သွယ်သွယ်အေးတို့က ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ် (ဧပြီလ၊ မေလ၊ ဇွန်လ)သုံးလစာ လူမှုရေးပင်စင် တစ်ဦးလျှင် ၃၀၀၀၀ ကျပ်နှုန်းဖြင့် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးအဘိုး(၂၇၇)ဦး၊ အဘွား (၄၉၀)ဦး သက်ကြီးဘိုးဘွာ (၇၆၇)ဦး တို့အတွက် ပေါင်းငွေကျပ်(၂၃၀၁၀၀၀၀)တို့ကို သက်ဆိုင်ရာကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးများ လက်ဝယ်သို့ လွှဲပြောင်းပေးအပ်ခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်