ပေါက်တောမြို့နယ် အ.ထ.က-သဝင်ချောင်းကျောင်း၌ ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) လေပြင်း တိုက်ခတ်မှုကြောင့် သစ်ပင်၊ သစ်ကိုင်းများအား ရှင်းလင်းဆောင်ရွက်

​ပေါက်တော ဇွန် ၃၀

ရခိုင်ပြည်နယ်၊​ စစ်တွေခရိုင်၊ ​ပေါက်တောမြို့နယ်၌ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်း (မိုခါ) လေပြင်းတိုက်ခတ်မှုကြောင့် အ.ထ.က-သဝင်ချောင်း ကျောင်းဝင်းအတွင်း၌ လဲကျနေသာ သစ်ပင်သစ်ကိုင်းများ ရှင်းလင်းရေးကို မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ယနေ့နံနက် ပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါသန့်ရှင်းရေး ဆောင်ရွက်ရခြင်းမှာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စိတ်ချမ်းမြေ့စွာနှင့် အေးချမ်းပျော်ရွင်စွာ ပညာသင်ကြားခွင့်နှင့် ပညာသင်ယူခွင့် ရရှိနိုင်ရေး၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေး၊ ခြင်အန္တရာယ် ကင်းဝေးစေရေး၊ ကျောင်းသား၊ ကျောင်းသူများ စိတ်ပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရေးအတွက်  မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးမင်းထွန်းဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များသည် ပေါက်တောမြို့နယ် အ.ထ.က-သဝင်ချောင်းကျောင်းဝင်းအတွင်းရှိ မုန်တိုင်းဒဏ်ကြောင့်လဲပြိုကျနေသော သစ်ပင် သစ်ခက်များအား ပိုင်းဖြတ်ဆောင်ရွက်ခြင်း၊ လမ်းကြောင်းများအား ရှင်းလင်းခြင်းစသော သန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)