သတင်းများ

အိမ်မဲမြို့နယ်တွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဆေးဝါး လာရောက်ကုသပေး
Jul 01,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ကြို့ကုန်းကျေးရွာအုပ်စု၊ ကြို့ကုန်းကျေးရွာ မင်္ဂလာဇေယျုံ ဘုန်းတော်ကြီးကျောင်း အတုလမာရဇိန် အောင်ချမ်းသာတန်ဆောင်းတော်ကြီး၌ ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်တွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် တပ်မတော် နယ်လှည့် ဆေးကုသရေးအဖွဲ့မှ ဆေးဝါးများလာရောက်ကုသပေးခဲ့ကြောင်းသိရသည်။
ကမာရွတ်မြို့နယ်၌ တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဆိုပူဇော်မှုပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Jul 01,2023
ပြည်ထဲရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဓမ္မစကြာနှင့်အနတ္တလက္ခဏသုတ်အလွတ် ရွတ်ဆိုပူဇော်မှုပြိုင်ပွဲကို ဇွန်လ ၂၉ ရက်နေ့ နံနက်ပိုင်းက ကမာရွတ်မြို့နယ် အမှတ်(၉)ရပ်ကွက်ရှိ တက္ကသိုလ်များဓမ္မာရုံတွင် ကျင်းပပြုလုပ်ရာ တိုင်းဝန်ကြီးချုပ်၏ဇနီး၊ တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းအုပ်ချုပ်ရေးမှူး၏ဇနီးနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် ဝတ်ရွတ်အသင်းများ တက်ရောက်ခဲ့ကြသည်။
တောင်ငူမြို့၊ အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်း၌ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး
Jul 01,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဌေးမင်းနှင့် ကျန်းမာရေးဝန်ထမ်းများမှ ယနေ့နေ့လယ်(၁)နာရီအချိန်က တောင်ငူမြို့ ၊ အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းကျန်းမာရေးဆေးပေးခန်း၌ ကျောင်းသား၊ ကျောင်းသူ (၆၀၀)ဦးခန့်အားကိုဗစ် ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။
ပေါက်တောမြို့နယ်၌ ဆိုင်ကလုန်းမုန်တိုင်း မိုခါဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ​​တောင်သူများအား မျိုးစပါးထောက်ပံ့ပေးအပ်
Jul 01,2023
ရခိုင်​ပြည်နယ် ပေါက်တောမြို့နယ်၌ ဆိုင်ကလုန်းမုန်တိုင်း မိုခါဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ဒေသခံ တောင်သူများအား မျိုးစပါး ထောက်ပံ့ ပေးအပ်ပွဲကို ယမန်နေ့ ညနေပိုင်းက ပေါက်တောမြို့ရှိ သင်္ဘောဆိပ်တွင်ပေးအပ်ကြသည်။
ကသာပညာရေးဒီဂရီကောလိပ်၌ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် “လူငယ်စကားဝိုင်း” ကျင်းပ
Jul 01,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ လူငယ်၊ လူရွယ်များ ဗလငါးတန်ပြည့်ဝစေရေး၊ အသိပညာဗဟု သုတတိုးပွားလာစေရေးအတွက် “လူငယ်စကားဝိုင်း”ကို ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က ကသာပညာရေး ဒီဂရီကောလိပ်၌ ကျင်းပပြုလုပ်ခဲ့သည်။
ရခိုင်ပြည်နယ် မောင်တောမြို့တွင်  ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေသည် တာ၀န်ရှိသူများနှင့်အတူ  မုန်တိုင်းဘေးကြောင့်‌လေဘေးသင့်ပြီး ပျက်စီးခဲ့သော အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ကျောင်းသူများအား ကျောင်းဝတ်စုံများထောက်ပံ့ပေးအပ်
Jul 01,2023
ရခိုင်ပြည်နယ် မောင်တောမြို့တွင် ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေ၊  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးနေဦးနှင့် တာ၀န်ရှိသူများသည် မုန်တိုင်းဘေးကြောင့်‌ လေဘေးသင့်ပြီး ပျက်စီးခဲ့သော အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ကျောင်းသူများအား ကျောင်းဝတ်စုံများထောက်ပံ့ပေးအပ်ကာ လေဘေးသင့် ကျေးရွာများရှိပြည်သူများအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက မြေပြင်ကွင်းဆင်း ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ အခမ်းအနား တက်ရောက်အမှာစကားပြောကြား
Jul 01,2023
လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့်ဗလငါးတန်ပြည့်စုံ၍ အသိပညာဗဟုသုတကြွယ်ဝစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံလူငယ်ရေးရာဗဟို ကော်မတီက ကြီးမှူးကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၂) နာရီခွဲက Naypyitaw State Academy ၌ ကျင်းပခဲ့သည်။
နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ချေးငွေပေးအပ်ပွဲအခမ်းအနား ပြင်ဦးလွင်မြို့တွင်ကျင်းပ
Jul 01,2023
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်ရှိ မက်မန်း၊ ဂျုံ၊ စပါးသီးနှံစီမံကိန်း တိုးချဲ့ဆောင်ရွက်နိုင်ရန်အတွက် မန္တလေးတိုင်းဒေသကြီး၏ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေ ချေးငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပြင်ဦးလွင် မြို့နယ် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြင်ဦးလွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ကျော်ထွန်း၊ ပြင်ဦးလွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြင်ဦးလွင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မက်မန်း၊ ဂျုံနှင့်စပါးစိုက်တောင်သူအစုအဖွဲ့များမှ လုပ်ငန်းရှင်များ စုံလင်စွာတက်ရောက်ခဲ့ကြသည်။