သာပေါင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတတ်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး၊ စာ‌ရေးများ လကုန် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

သာပေါင်း ဇွန် ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ စာ‌ရေးများ လကုန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်အေးခန်းမ၌ ကျင်းပကြသည်။

ဒေသဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးလှဝင်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသန်းနိုင်၊ အဖွဲ့ဝင် (၂) ဦးကျော်တိုး၊ အဖွဲ့ဝင်(၃) မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးမြင့်မြတ်‌ဇော်တို့မှ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ လကုန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လုံခြုံရေး ဂရုစိုက်ရန်၊ အပတ်စဥ် စနေနေ့သန့်ရှင်းရေး၊ သွေးလွန်တုပ်ကွေးရောဂါ၊ ဝမ်းပျက်ဝမ်းလျှော ရောဂါ၊ ဧည့်စာရင်းစစ်ရန်၊ လူစိမ်းအဝင်အထွက်၊ မှုခင်းများကျဆင်းရေး၊ ယာဥ်စည်းကမ်း လမ်းစည်းကမ်း၊ သဘာဝဘေးအန္တရာယ်၊ တစ်ဧက (၁၀)တင်းနှုန်း ပိုမိုထွက်ရှိရေး၊ ၂၀၂၃ ခုနှစ် မိုးစပါးစီမံကိန်း၊ ကုန်စျေးနှုန်း ကျဆင်းရေး၊ ကျူးကျော်ကိစ္စရပ်များ၊ မြေခွန် တာတမံခွန်ပေးသွင်းရေး၊ အုတ် သဲ ကျောက်၊ ကျောက်စရစ် တရားမဝင်ထုတ်လုပ်မှု၊ ဘိလိယက်ခုံ၊ ယစ်မျိုးခွန်ဆိုင်များကိစ္စနှင့် အထွေထွေ ကိစ္စရပ်တို့ကို ဆွေးနွေးမှာကြားရာ ကဏ္ဍအလိုက် ပြန်လည်ဆွေးနွေးတင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မျိုးဇော်သိန်း