ရခိုင်ပြည်နယ် မောင်တောမြို့တွင်  ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေသည် တာ၀န်ရှိသူများနှင့်အတူ  မုန်တိုင်းဘေးကြောင့်‌လေဘေးသင့်ပြီး ပျက်စီးခဲ့သော အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ကျောင်းသူများအား ကျောင်းဝတ်စုံများထောက်ပံ့ပေးအပ်

မောင်တော   ဇူလိုင်  ၁

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေ၊  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးနေဦးနှင့် တာ၀န်ရှိသူများသည် မုန်တိုင်းဘေးကြောင့်‌ လေဘေးသင့်ပြီး ပျက်စီးခဲ့သော အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ကျောင်းသူများအား ကျောင်းဝတ်စုံများထောက်ပံ့ပေးအပ်ကာ လေဘေးသင့် ကျေးရွာများရှိပြည်သူများအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက မြေပြင်ကွင်းဆင်း ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

အဆိုပါ ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ် တင်‌ဆွေ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးနေဦးနှင့် တာ၀န်ရှိသူများသည် သရေကုန်းဘောင်းကျေးရွာရှိ အခြေခံပညာအထက်တန်း ကျောင်းခွဲနှင့် မောရဝတီကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းတို့အား သွားရောက်ပြီး ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီးတွေ့ဆုံကာကျောင်းအတွင်းနေထိုင်ကြသည့်  ဆရာ၊ ဆရာမများအတွက် ခေါက်ဆွဲခြောက်နှင့် ဂတ်(စ်) မီးဖို ၊ ဂတ်(စ်)ဗူးများ  အသီးသီး ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြပြီး လိုအပ်သည်များကို ကူညီ ဆောင်ရွက်ပေးခဲ့ကြသည်။ ထို့နောက် ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ်တင်‌ဆွေ၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးနေဦးနှင့် တာ၀န်ရှိသူများသည် မုန်တိုင်းဘေးကြောင့် လေဘေးသင့်ပြီး ပျက်စီးခဲ့သော ကျောက်ပန္ဒူ ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲ၊ မြိုယုကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း(ယာယီ)နှင့် ပဲရုံ ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း တို့အား သွားရောက်ကာ  ကျောင်းအတွင်းနေထိုင်ကြသည့်  ဆရာ၊ ဆရာမများအတွက် ခေါက်ဆွဲခြောက်နှင့် ဂတ်(စ်) မီးဖို၊ ဂတ်(စ်) ဗူးများနှင့် ကျောင်းသား ကျောင်းသူများအတွက် ကျောင်းဝတ်စုံများအား တာဝန်ရှိသူများက အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြကာ လိုအပ်သည်များအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြသည်။ ယင်းနောက် ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ်တင်‌ဆွေ၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးနေဦးနှင့် တာ၀န်ရှိသူများသည် မုန်တိုင်းဘေးကြောင့် လေဘေးသင့်ခဲ့သော ကျောက်ပန္ဒူ ကျေးရွာ၊ မြိုယုကျေးရွာ၊ ပဲရုံကျေးရွာ၊ အင်းဒင်ကျေးရွာနှင့် အောင်သုခကျေးရွာများရှိ ပြည်သူများ အတွက်ထောက်ပံ့ငွေ၊ ရေသန့်၊ ဆပ်ပြာတောင့်၊ ဖိနပ်၊ အမှိုက်ပုံးနှင့် ဝတ်စုံများအား အသီးသီးထောက်ပံ့ပေးအပ်ပြီး အဆိုပါကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများသို့သွားရောက်ကာ ကျောင်းထိုင် ဆရာတော်များအား ဖူးမျှေိာ်ကြည်ညိုကာ ဂတ်(စ်)မီးဖို၊ ဂတ်(စ်) ဗူး ၊ ဆပ်ပြာတောင့်နှင့် အမှိုက်ပုံးတို့ အား တာဝန်ရှိသူများက လှူဒါန်းခဲ့ကြောင်းသိရသည်။

သက်လွင်စိုး ၊ အောင်ကျော်စိန် ခရိုင်(ပြန်/ဆက်)