သတင်းများ

ပိုင်ကျုံမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
May 10,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ကယ်ဆယ်ရေးလုပ်ငန်းများ အချိန်မီဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
ငပလီမြို့ရှိ သဘာဝဘေးအန္တရာယ်ကိုတင်ကာကွယ်ရေး ယာယီခိုလှုံရာ စခန်းများအား အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ကြည့်ရှုစစ်ဆေး
May 10,2023
သံတွဲမြို့နယ်၊ ငပလီမြို့ရှိ သဘာဝဘေးအန္တရာယ်ကိုတင်ကာကွယ်ရေး ယာယီခိုလှုံရာ စခန်းများ အားယနေ့ နံနက် ၁၀ နာရီက  အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်း၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့် တာဝန်ရှိသူများ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်းသိရသည်။
မလှိုင်မြို့နယ်၍ သဘာဝဘေးအမျိုးမျိုးကင်းဝေးစေရန်အတွက် မြို့နယ်လုံးကျွတ်အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်
May 10,2023
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်အတွင်း သဘာဝဘေးအမျိုးမျိုးနှင့် ကပ်ရောဂါဘေးတို့မှ ကင်းဝေးစေရန်အတွက် မြို့နယ်လုံးကျွတ် အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ် ပူဇော်ခြင်းများကို (၉.၅.၂၀၂၃)ရက်နေ့ နံနက် (၇)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် ရပ်ကွက်/ကျေးရွာ အုပ်စု(၅၆)အုပ်စု အားလုံးတို့တွင် တစ်ပြိုင်နက်တည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
ငွေဆောင်မြို့၊ ကွပ်ကဲရေးရုံးသို့ အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ဗိုလ်မှူးချုပ်ကြည်ခိုင်နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများမှ ကွင်းဆင်း ကြည့်ရှုစစ်ဆေး
May 10,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဖွင့်လှစ်ထားရှိသည့် ကွပ်ကဲရေးရုံးတွင် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ကာကွယ်နိုင်ရန် ကြိုတင်ပြင်ဆင်မှု အခြေအနေများအား အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့်အဖွဲ့၊ ပုသိမ်ခရိုင် စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးလင်းကိုကိုနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ ယမန်နေ့ညနေ(၁၆း၁၅)အချိန်က ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
တံတားမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ MOCHA ဆိုင်ကလုန်းမုန်တိုင်းကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show
May 10,2023
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ MOCHA ဆိုင်ကလုန်းမုန်တိုင်းကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ကို ယနေ့နံနက် (၉)နာရီအချိန်က ပြုလုပ်ခဲ့သည်။
ဝမ်းတွင်းမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ အသံမစဲမဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲကျင်းပ
May 10,2023
သာသနာနှစ်(၂၅၆၇)ခု၊ ကောဇာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ကဆုန်လဆုတ်(၇)ရက်၊ မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ် သံဃာနာယကအဖွဲ့မှ ဦးဆောင်၍ သဘာဝဘေးအန္တရာယ်မှ လွတ်ကင်းရန်နှင့် ဘေးအန္တရာယ်အပေါင်းကင်းဝေးစေရန် ရည်ရွယ်ကာ သဲတောမြို့အမှတ်(၁) မြတ်ဘုန်းရှင်ကျောင်းတိုက်၌ ဆင်ယင်ကျင်းပပြုလုပ်အပ်သော နေ့/ည အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တွံတေး၌ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးနှိုးဆော်
May 10,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသည့် မုန်တိုင်းဘေးအန္တရာယ်နှင့်ပတ်သက်၍ ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး အသိပေးနှိုးဆော်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ​မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တွံတေးမြို့မီးသတ်ဦးစီးဌာနမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ယနေ့နံနက် ၉ နာရီကမြို့နယ်ပေါ်ရပ်ကွက်၊ ကျေးရွာများတွင် အသိပညာပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။
ကျောက်တံတားမြို့နယ် ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနခန်းမ၌ မူးယစ်အသိပညာ‌​ပေးနံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကျင်းပ
May 10,2023
ရန်ကုန်တိုင်း​ဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ် လူထုအ‌‌ခြေပြုဗဟိုဌာနခန်းမတွင် ယနေ့နံနက်ပိုင်းအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနနှင့် Women Club၊ Youth Club Book Club အသင်းနှင့်ဌာနဆိုင်ရာများပူးပေါင်း၍ ဆေးလိပ်၊ဆေးရွက်ကြီးနှင့် ၊ကွမ်းစားခြင်း၏ ဆိုးကျိုးများ မူးယစ်အသိပညာ​ပေး နံရံကပ်စာ​စောင်ပြပွဲနှင့် စာအုပ်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။