တောင်ငူမြို့၊ အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်း၌ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး

တောင်ငူ ဇူလိုင် ၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဌေးမင်းနှင့် ကျန်းမာရေးဝန်ထမ်းများမှ ယနေ့နေ့လယ်(၁)နာရီအချိန်က တောင်ငူမြို့ ၊ အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းကျန်းမာရေးဆေးပေးခန်း၌ ကျောင်းသား၊ ကျောင်းသူ (၆၀၀)ဦးခန့်အားကိုဗစ် ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။

ထို့သို့ ကိုဗစ် ၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင် KG ကျောင်းသား ကျောင်းသူများအား Sinopharm ပထမအကြိမ်နှင့် အသက် ၁၂ နှစ် မှ ၁၈ နှစ် ကျောင်းသားကျောင်းသူများအား ကိုဗစ် ၁၉ ရောဂါထပ်ဆောင်း ကာကွယ်ဆေး ( Booster Dose) များ ထိုးနှံပေးခဲ့သည်။ တောင်ငူ မြို့နယ်အတွင်းရှိ ပြည်သူများနှင့် အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေသည့်  ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ အားကိုဗစ် ၁၉ ရောဂါကူးစက်မှုကြောင့် အသက်သေဆုံးမှုမရှိစေရေးနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် သင်ကြားသင်ယူမှုလုပ်ငန်းများ ထိရောက် အောင်မြင်စွာ သင်ကြားနိုင်ရေးအတွက် ရည်ရွယ်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ် ၁၉ ရောဂါကာကွယ်ဆေး Sinopharm ပထမကြိမ်နှင့်ထပ်ဆောင်း ကာကွယ်ဆေး (Booster Dose)များကို ထိုးနှံပေးခြင်းဖြစ်ပြီး၊ ယနေ့တွင် ပြည်သူ (၁၁၆၆၅) ဦး အား ထိုးနှံပေးခဲ့ကြောင်းနှင့် တောင်ငူမြို့နယ်အတွင်းရှိ  အခြေခံပညာကျောင်းများတွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများကို ထပ်မံထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာ ရေးဦးစီးဌာနမှ သိရသည်။

ခရိုင် (ပြန်/ဆက်)