မောက်မယ်မြို့နယ်၌ မုန်တိုင်းသတိပေးချက်အားပြည်သူများသိရှိစေရန်လှည့်လည်နှိုးဆော်
May 11,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ မုန်တိုင်းခန့်မှန်းသတိပေးထုတ်ပြန်ချက်အား အများပြည်သူ သတိပြုပြင်ဆင် ဆောင်ရွက်နိုင်ရန် မြို့ပေါ်ရပ်ကွက်အတွင်း၊ လူစည်ကားရာလမ်းထိပ်နေရာများတွင် မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ကားဖြင့် ယမန်နေ့နေ့လယ် ၁၂နာရီက လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။