သတင်းများ

တောင်တွင်းကြီးမြို့၌ သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးအဖွဲ့၏ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး
May 11,2023
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့တွင် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးအဖွဲ့ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက ယနေ့နံနက်(၉)နာရီက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
တောင်သာမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအတွက် အရေးပေါ်ချက်ချင်း တုံ့ပြန်ကူညီနိုင်ရေးအတွက် စုဖွဲ့ထားရှိပြီး Hand Speaker များဖြင့် လိုက်လံနှိုးဆော်
May 11,2023
မန္တလေးတိုင်းဒေသကြီး၊မြင်းခြံခရိုင်၊ တောင်သာမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်စွာ ဦးဆောင်၍ မုန်တိုင်းဘေးအန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့လာပါက အရေးပေါ်ချက်ချင်းတုံ့ပြန်ကူညီနိုင်ရေးအတွက်သန္ဓေတပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ် တပ်ဖွဲ့ဝင်များသည် လိုအပ်မည့် ကယ်ဆယ်ရေးပစ္စည်းများကို မြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင် စုဖွဲ့ထားရှိပြီး ပြည်သူများအသိပညာပေးအဖြစ် Hand Speaker များဖြင့် လိုက်လံနှိုးဆော်လျက်ရှိကြောင်း သိရသည်။
တာမွေမြို့နယ်တွင် မုန်တိုင်းအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်
May 11,2023
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် မုန်တိုင်းဘေး အန္တ ရာယ်နှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး မုန်တိုင်းဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်မှုများနှင့် လိုက်နာရမည့် ဆောင်ရန်/ရှောင်ရန် အချက်များကို သိရှိထားနိုင်စေရန်အတွက် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်‌ရေးမှူးများနှင့် ရပ်မိရပ်ဖများ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် လမ်းများအလိုက် မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ပိုစတာများကို ကပ်ထားကြေညာခြင်း၊ မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ လက်ကမ်းစာစောင်များကို ပြည်သူများထံ လက်ဝယ်အရောက် လိုက်လံဖြန့်ဝေပေးခြင်း စသည်ဖြင့် မုန်တိုင်းဘေးအန္တရာယ်နှင့် ပတ်သက်ပြီး အသိပညာပေးခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးမြင့်စိုး ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော်များ ပေးအပ်လှူဒါန်း
May 11,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် နေပြည်တော်ကောင်စီမှကြီးမှူးကျင်းပသည့် ပျဉ်းမနားမြို့နယ်လုံးဆိုင်ရာ အသံမစဲမဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲများ ရွတ်ဖတ်လျက်ရှိသည့် ဘုန်းတော်ကြီးကျောင်းများအား  ယနေ့နံနက်ပိုင်းက ပန်းပေါင်းစုံ ဗုဒ္ဓရုပ် ပွားတော်များနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ကော့သောင်းမြို့တွင် သဘာဝဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်
May 11,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်၊ သီရိမြိုင်ရပ်ကွက်၊ ပြည်သူ့ရင်ပြင်တွင် ကော့သောင်းခရိုင်၊သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ် ရှာဖွေကယ်ဆယ်ရေးအတွက် ဖွဲ့စည်းထားသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များဖြင့် သဘာဝဘေး အန္တရာယ် ကြိုတင်ကာကွယ်မှုဆိုင်ရာ ဇာတ်တိုက်လေ့ကျင့်မှုကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
ပေါက်တောမြို့နယ်တွင် ဆိုင်ကလုန်းမုန်တိုင်းအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား တာဝန်ရှိသူများကွင်းဆင်းကြည့်ရှုစစ်ဆေး
May 11,2023
 ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်တွင် မေလ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့ အတွင်း ကျရောက်မည့် သဘာဝဘေးနှင့်ဆိုင်ကလုန်းမုန်တိုင်းအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများအားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျန်အေးနှင့် တာဝန်ရှိသူ များမှ ယမန်နေ့ည​ပိုင်းတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ပြည်မြို့၌ မုန်တိုင်းဘေးအန္တရာယ်အသိပေးကြေငြာခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ
May 11,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့၌ ယနေ့နံနက် ၈နာရီအချိန်က လူစည်ကားရာနေရာဖြစ်သော ပြည်မြို့လမ်းမတော်လမ်း ဗဟိုမီးသတ်ရုံးရှေ့နှင့် ဗိုလ်ချုပ်လမ်း ကိုးသောင်းဈေးရှေ့တို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်လင်းဦး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းသိန်း၊ ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံန်ခွဲ့မှုဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ ပြည်မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ဈေးသွားဈေးလာများနှင့် ခရီးသွားပြည်သူများအား မုန်တိုင်းအန္တရာယ်အသိပေးကြေငြာခြင်း၊ မုန်တိုင်းဘေး၊ လေပြင်းဘေး၊ မီးဘေးစသည့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
သဲကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် "သားငယ်သမီးငယ်များပဲ့ပြင်ထိန်းကျောင်းခြင်း အနုပညာ" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်
May 11,2023
ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌၊ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် Youth Club တို့ ပူးပေါင်း၍ စာရေးဆရာ အတ္တကျော် ရေးသားသော "သားငယ်သမီးငယ်များပဲ့ပြင်ထိန်းကျောင်းခြင်းအနုပညာ" စာအုပ်ဖြင့်စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။