သပိတ်ကျင်းမြို့နယ်၌ မုန်တိုင်းဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု့အား ကြည့်ရှုစစ်ဆေး
May 11,2023
မုန်တိုင်းဘေးအန္တရာယ်ကျရောက်လာပါက ကူညီကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ အရေးပေါ် ပြုစုခြင်းများဆောင်ရွက်နိုင်ရေးတို့အတွက် မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ် မီးသတ်ဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လူမှုကူညီရေးအသင်းတို့ ပူးပေါင်းဆောင်ရွက်ချက်များ၊ စုဖွဲ့လေ့ကျင့်မှုများ၊ ကယ်ဆယ်ရေးပစ္စည်းများနှင့် အထောက်ကူပြုပစ္စည်းများ ကြိုတင်စီစဥ် ဆောင်ရွက်မှုများ၊ ပြန်လည်ထူထောင်ရေးဆိုင်ရာ ကိုယ်စီလုပ်ငန်းများ စီစဥ်ဆောင်ရွက်ချက်များကို ယမန်နေ့ညနေပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင် ဆောင်ရွက်ခဲ့သည်။