သတင်းများ

ပုဗ္ဗသီရိမြို့နယ်တွင် မုန်တိုင်းဘေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်
May 12,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီ၏ ညွှန်ကြားမှုအရ ပုဗ္ဗသီရိ​မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မုန်တိုင်းဘေး အသိပညာပေး လက်ကမ်း စာစောင်များကို ယမန်နေ့နံနက်ပိုင်းက ကျည်တောင်ကန်စျေးနှင့် လူစည်ကားရာနေရာများသို့ အခမဲ့ဖြန့်ဝေခဲ့သည်။
ဖြူးမြို့နယ်၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲကျင်းပ
May 12,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့၊ နံနက်(၁၀)နာရီက အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကွန်ဟိန်းမြို့၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဇာတ်တိုက်လေ့ကျင့်
May 12,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ကွန်ဟိန်းမြို့၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့်ရှာဖွေ၊ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်မှုများကို ယမန်နေ့နံနက် ၈ နာရီခန့်က အမှတ်(၂)ရပ်ကွက်အတွင်းရှိ ဟိတကာရီခန်းမရှေ့၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကျွန်းလှ၌ သဘာဝဘေးကျရောက်ပါက အရေးပေါ်တုံ့ပြန်နိုင်ရေး အသင့်ပြင်ဆင်ထားရှိမှုနှင့် အသိပညာပေးခြင်းဆောင်ရွက်
May 12,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကျရောက်ပါက အရေးပေါ်တုံ့ပြန်နိုင်ရေး ဆောင်ရွက်ထားရှိမှုနှင့် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ကျွန်းလှမြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။
မိုင်းလုံမြို့တွင် မိုးသည်းထန်စွာရွာသွန်းသဖြင့် ပျက်စီးသော အိမ်များကို ဝုန်းမေတ္တာလူမှုကူညီရေးအသင်းမှ ထောက်ပံ့ငွေများ ပေးအပ်
May 12,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် မိုးသည်းထန်စွာရွာသွန်းသဖြင့် ပျက်စီးသောအိမ်များကို သွားရောက်၍  ဝုန်းမေတ္တာလူမှုကူညီရေးအသင်းမှ ထောက်ပံ့ငွေများကို ယမန်နေ့နံနက်(၁၁)နာရီအချိန်ခန့်က သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
ချောက်မြို့နယ်တွင် မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာ​ပေးနှိုးဆော်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် လက်တွေ့သရုပ်ပြ ဟောပြောခြင်းများ ဆောင်ရွက်
May 12,2023
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ယနေ့နံနက်၈နာရီအချိန်က မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာ​ပေးနှိုးဆော်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့်လက်တွေ့ သရုပ်ပြဟောပြောခြင်းများကို မြိုနယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီး ဌာန၊ မြို့ နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ မုန်တိုင်းအန္တရာယ် ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားမှု အခြေအနေများအား ခရိုင်ခေတ္တရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မျိုးဝင်းနှင့်အဖွဲ့ဝင်များမှ ကြည့်ရှုစစ်ဆေး
May 12,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ မုန်တိုင်းအန္တရာယ်ကျရောက်လာပါက ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများအား သွားရောက်စစ်ဆေးခြင်းကို ယမန်နေ့ နံနက်(၉)နာရီက မြို့နယ်မီးသတ်စခန်းတွင်  သွားရောက်စစ်ဆေးခဲ့သည်။
သံဖြူဇရပ်မြို့နယ်၌ မုန်တိုင်းအန္တရာယ် သတိပြုကြိုတင်ကာကွယ်ရေး အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်
May 12,2023
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် မြို့နယ်သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်‌ရေး စီမံခန့်ခွဲမှုကော်မတီ၏စီမံမှုဖြင့် တာဝန်ရှိသူများ‌ ပူးပေါင်းကာ မုန်တိုင်းအန္တရာယ် သတိပြုကြိုတင်ကာကွယ်ရေး အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ခြင်း၊ မုန်တိုင်းဘေးပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက လိုက်လံနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။