သတင်းများ

ကန့်ဘလူမြို့နယ်၌ မျိုးကောင်း မျိုးသန့် မျိုးစေ့များ ဖြန့်ဖြူးပေးနိုင်ရေး စိုက်ပျိုးလျက်ရှိသည့် မျိုးစေ့ထုတ်သီးနှံများ စိုက်ပျိုးပြီးစီး
Jul 03,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် မျိုးသန့်ခြံ၌ တိုင်းဒေသကြီးအတွင်းရှိ တောင်သူလယ် သမားများအတွက် ဒေသရေမြေရာသီဥနှင့်ကိုက်ညီပြီး သီးနှံအထွက်နှုန်းကောင်းမွန်သော မျိုးကောင်း မျိုးသန့် မျိုးစေ့များကို ဖြန့်ဖြူးပေးနိုင်ရန် စိုက်ပျိုးလျက်ရှိသည့် သီးနှံများ ယခုအခါ စိုက်ပျိုးပြီးစီးသွားပြီဖြစ်ကြောင်း ကန့်ဘလူမျိုးသန့်ခြံမှ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ ပြည်ထောင်စုလမ်းအမှတ် ၂ နိုင်လွန်ကတ္တရာလမ်းသစ်ဖွင့်ပွဲအထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲနှင့် ၂၀၂၃-ခုနှစ်၊ မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားတက်ရောက်
Jul 03,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ပြည်ထောင်စုလမ်းအမှတ် ၂ နိုင်လွန်ကတ္တရာ လမ်းသစ် ဖွင့်ပွဲအထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ ဂေါက်ကလပ်တွင် ကျင်းပရာအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများနှင့် ဂေါက်သီးရိုက်အားကစားသမားများတက် ရောက်ကြသည်။
ငရုတ်ကောင်းမြို့၌ ပြည်သူများအတွက် ကြက်ဥနှင့် ဝက်သားများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး
Jul 03,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၌ အခြေခံစားသောက်ကုန်များဖြစ်သော ကြက်ဥနှင့် ဝက်သားများအား ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို ငရုတ်ကောင်းမြို့ ဌာနဆိုင်ရာများမှ ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက အမှတ်(၂)ရပ်ကွက်၊ လမ်းမတော်လမ်း၌ ရောင်းချပေးခဲ့ကြသည်။
ငပုတောမြို့၌ မြန်မာ့အမျိုးသမီးများနေ့အထိမ်းအမှတ်အကြို မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပ
Jul 03,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အကြို မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက်(၉)နာရီအချိန်က အမှတ်(၄)အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
ဝိုင်းမော်မြို့နယ်၌ (၁၀၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် အခြေခံစားကုန်များ ဈေးနှုန်းသက်သာစွာ ရောင်းချ
Jul 03,2023
၂၀၂၃ခုနှစ် ဇူလိုင် ၁ ရက်‌နေ့တွင် ကျရောက်သည့် (၁၀၁)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဝိုင်းမော်မြို့နယ် သမဝါယမဦးစီးဌာနမှ မီးဖိုချောင်သုံး အခြေခံစားကုန်များအား ဈေးနှုန်းသက်သာစွာ ရောင်းချခြင်းကို ဇူလိုင်လ ၁ ရက်နေ့ နံနက် ၁၀ နာရီက ဝိုင်းမော်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်ရှိ မြို့နယ်သမဝါယမဦးစီးဌာနမှူးရုံးဝင်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် မြောင်းမြမြို့ ကျွန်းတောတံတားဖွင့်ပွဲ မင်္ဂလာအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်
Jul 03,2023
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်များသည် မြောင်းမြမြို့ ဒီးဒုတ်ဦးဘချိုလမ်း၊ ကျွန်းတောတံတားဖွင့်ပွဲ မင်္ဂလာအခမ်းအနားသို့ ယမန်နေ့နံနက် ၈:၃၀ အချိန်က တက်ရောက်ဖွင့်လှစ်ခဲ့သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မုတ်သုန်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲသို့ တက်ရောက်၊ ဧက ၁၀၀ တင်း ၁၀၀ စံပြစိုက်ကွက်အတွင်း သီးထပ်သီးနှံစိုက်ပျိုးရေးနှင့်အတူ ငါးမျိုးစိုက်ထည့်မွေးမြူနိုင်ရေး ကွင်းဆင်းဆောင်ရွက်
Jul 03,2023
ကချင်ပြည်နယ်အတွင်းရှိ ဂေါက်သီးရိုက်သူများ၏ 7 th Tournament of Hold in One Group မှ ကြီးမှူးကျင်းပသည့် မုတ်သုန်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇူလိုင် ၁ ရက်က ကျင်းပပြုလုပ်ရာဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၆ နာရီတွင် မြစ်ကြီးနားမြို့ Northen Star ဂေါက်ကလပ်၌ ကျင်းပပြုလုပ်သည်။
ကျိုက်မရောတွင် မွေးကင်းစမှ အသက် ၂ နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်များအား ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်းများဆောင်ရွက်
Jul 02,2023
မွန်ပြည်နယ်၊ ကျိုက်မရောတွင် မွေးကင်းစမှ  အသက် ၂ နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင် များအားလစဥ်ပုံမှန်ကာကွယ်ဆေးထိုး၊ဆေးတိုက်ခြင်းကို ယနေ့နံနက် ၉နာရီ မှ စတင်ကာရပ်ကွက်ကျန်းမာရေး ဆေးပေးခန်း၌ ဆောင်ရွက်ပေးလျက် ရှိသည်။