သတင်းများ

တာလေမြို့၌ မျှစ်ခါးတူးဖော်ရောင်းချသူများ မိသားစုအပိုဝင်ငွေရရှိ
May 11,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၌ ဒေသထွက်မျှစ်ခါးများ တူးဖော်ချိန်ရောက် ရှိလာပြီဖြစ်ရာ ဈေးကောင်းရသဖြင့် မျှစ်ခါးတူးဖော်ရောင်းချသူများ မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ကုန်စည်စီးဆင်းမှုလျှင်မြန်စေရေး ကျောက်ဆည်-တံစိုး-မင်းစု-ထုံးကြီး-မြစ်သားလမ်းမှ ကျဉ်းမြောင်းနေသည့် ကတ္တရာလမ်းပိုင်းအား ကတ္တရာတိုးချဲ့ခင်းပေးရန် လျာထား
May 11,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်-တံစိုး-မင်းစု-ထုံးကြီး-မြစ်သားလမ်းမှ ကျဉ်းမြောင်းနေသည့် လမ်းပိုင်းအား ကတ္တရာလမ်း တိုးချဲ့ခင်းပေးရန် မြို့နယ်လမ်းဦးစီးဌာနမှ လျာထားကြောင်း သိရသည်။ 
ကျောက်ပန်းတောင်းမြို့နယ်တွင် ဆိုင်ကလုန်း မုန်တိုင်း MOCHA နှင့်ပတ်သက်၍ လိုအပ်လာပါက ကူညီကယ်ဆယ်ရေးဆောင်ရွက်နိုင်ရန် ဌာနဆိုင်ရာများ လူမှုရေးအသင်းအဖွဲ့များနှင့် စုဖွဲ့ပြင်ဆင်ထားရှိ
May 11,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင်  ဘင်္ဂလားပင်လယ်အော် အရှေ့ တောင်ပိုင်းတွင်ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း Mocha နှင့်ပတ်သက်၍ လိုအပ်လာပါက ကူညီကယ်ဆယ်ရေး လုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်စေရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ  ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းများ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ၊ ကျန်းမာရေးဝန်ထမ်းများပါဝင်သည့် အရေးပေါ်ကူညီကယ်ဆယ်ရေး စုဖွဲ့မှုကို၊ မေလ(၁၁)ရက်နေ့ နံနက် (၁၀)နာရီက မြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ သဘာဝဘေးအပေါ် အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်ရေး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းများ အသင့်စုဖွဲ့ထားရှိမှုအားစစ်ဆေး
May 11,2023
ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးသတ်ဦးစီးဌာနအနေဖြင့် သဘာဝဘေးအန္တရာယ်များ ပေါ်ပေါက်ပါက သဘာဝဘေးကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်ရှာဖွေကယ်ဆယ်ရေးအတွက် လုပ်ငန်းသုံးပစ္စည်းများ အသင့်ကြိုတင်ပြင် ဆင်စုဖွဲ့ဆောင်ရွက်ထားရှိမှုအား ယမန်နေ့ညနေ ၅ နာရီအချိန် စစ်ဆေးဆောင်ရွက်ခဲ့သည်။
မိုင်းတုံမြို့နယ်၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်တာဆီးရေး အရေးပေါ်အစည်း အဝေးနှင့် ကြိုတင်ပြင်ဆင်ထားရှိမှုများအားကြည့်ရှု့
May 11,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်တာဆီးရေး အရေးပေါ်အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ခန်းမ၌ကျင်းပရာ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ်တွင် မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးပစ္စည်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့်ဇာတ်တိုက်လေ့ကျင့်ခြင်းလုပ်ငန်းများဆောင်ရွက်
May 11,2023
ကရင်ပြည်နယ်၊  သံတောင်ကြီးမြို့နယ်တွင်  မုန်တိုင်းဘေးအန္တရာယ်ကျရောက်လာပါက အချိန်နှင့်တစ်ပြေးညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ  လျှင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် ကယ်ဆယ်ရေးပစ္စည်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်း လုပ်ငန်းများကို ယနေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများ ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
May 11,2023
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ခရိုင်အတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ညနေ ၃ နာရီအချိန် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ကော့ကရိတ်မြို့တွင် ဘေးအန္တရာယ်ကျရောက်ပါက အရေးပေါ်ထောက်ပံ့နိုင်ရန် ကယ်ဆယ်ရေးပစ္စည်းများ ထိန်းသိမ်းထားရှိသော သိုလှောင်ရုံအား  တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး
May 11,2023
ကရင်ပြည်နယ်၊ ကော့ာကရိတ်မြို့တွင် ဘေးအန္တရာယ်များကျရောက်ပါက အလျင်အမြန် တုန့်ပြန်ဆောင်ရွက်နိုင်ရန်အတွက် အရေးပေါ်ထောက်ပံ့မည့် ပစ္စည်းများ ထိန်းသိမ်းသိုလှောင်ထားရှိသော ကော့ကရိတ်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သိုလှောင်ရုံအား ယမန်နေ့မွန်းလွဲပိုင်းက ခရိုင်/မြို့နယ်သဘာ၀ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ အဖွဲ့ဝင်များ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။