သတင်းများ

တာမွေမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show အစီအစဉ် အွန်လိုင်းမှတစ်ဆင့် ထုတ်လွှင့်တင်ဆက်
May 11,2023
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစဉ်တင်ဆက်သော သဘာဝဘေးအန္တရာယ်ဆိုင်ရာ အကြောင်း အသိပညာပေး Talk Show အစီအစဉ်ကို ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ အွန်လိုင်းမှတစ်ဆင့် ထုတ်လွှင့်တင်ဆက်ပေးခဲ့သည်။
ဥတ္တရခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ အခြေခံ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းဖွင့်လှစ်
May 11,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊  ဥတ္တရခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းကို ယမန်နေ့နံနက် ၉ နာရီ တွင် ဥတ္တရခရိုင် အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
ကျိုက်မရော၌ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေး  အသံချဲ့စက်ဖြင့်နှိုးဆော်
May 11,2023
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်၌ မြို့နယ်သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စီမံခန့်ခွဲမှုကော်မတီ၏စီမံမှုဖြင့် တာဝန်ရှိသူများ ပူးပေါင်းကာ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေး  အသံချဲ့စက်များဖြင့်  လိုက်လံနှိုးဆော်ခြင်း၊  ပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၈နာရီက လိုက်လံပြုလုပ် ခဲ့ကြသည်။
ပုဗ္ဗသီရိမြို့နယ်အတွင်း သဘာဝဘေးကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်
May 11,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် သဘာဝဘေးကြိုတင်ကာကွယ်ရေး အသိပေးချက်များအား အသံချဲ့စက်ဖြင့် လှည့်လည်အသိ ပေးနှိုးဆော်ခြင်းကို ယမန်နေ့နံနက်မှ စတင်၍ ဆောင်ရွက်ခဲ့သည်။
သီပေါမြို့နယ်၌ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
May 11,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့နှင့် ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့တို့မှ မိုးလေဝသနနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များအား ပြည်သူများသိရှိလိုက်နာနိုင်စေရန်၊ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန် အသိပညာပေးခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယမန်နေ့နံနက် ၈ နာရီခွဲက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပေါင်းတည်မြို့နယ်၊ စည်ပင်သာယာ​ရေးမြို့မစျေးကြီး၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်
May 11,2023
 ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ မြို့မစျေးကြီး၌ မြို့မမီးသတ်စခန်းတပ်ဖွဲ့ဝင်များက ယနေ့နံနက် ၈ နာရီက စျေးသူစျေးသားနှင့် စျေးဝယ်သူ ပြည်သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနှင့် သရုပ်ပြပွဲကို ကျင်းပပြုလုပ်သည်။
မိုင်းရယ်မြို့တွင် KTV ဆိုင်များသတ်မှတ်စည်းကမ်းချက်များနှင့်အညီ စနစ်တကျလုပ်ကိုင်နိုင်ရေး မြေပြင်ကွင်းဆင်းစစ်ဆေး
May 11,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့တွင် KTV ဆိုင်များသတ်မှတ် စည်းကမ်းချက်များနှင့် အညီ စနစ်တကျလုပ်ကိုင်နိုင်ရေး မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက် (၁၁) နာရီက ပြုလုပ်ပါသည်။
သာယာဝတီမြို့တွင် ကွန်ကရစ်ပစ္စည်းများ ရောင်းအားကောင်းနေ
May 11,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ အလယ်ပိုင်းရပ်ကွက်နှင့် မြို့ပေါ်ရပ်ကွက်များရှိ ကွန်ကရစ်ပစ္စည်းများ ရောင်းအားကောင်းလျက်ရှိကြောင်း သိရသည်။