သတင်းများ

မိုင်းပန်မြို့နယ်၌ သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ပေးခြင်း လုပ်ငန်းကွင်းဆင်းဆောင်ရွက်ပေး
May 11,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် မိုးရာသီကာလအတွင်း ဖြစ်ပွားတတ်သော သွေးလွန်သုတ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် အဘိတ်ဆေးခတ်ခြင်းကို မေလ ဒုတိယအပတ်မှစတင်၍ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပြင်ဦးလွင်မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန် Mask Campaign ပြုလုပ်ခြင်းနှင့် သဘာဝဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေခြင်းများဆောင်ရွက်
May 11,2023
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန် ရည်ရွယ်၍ Mask Campaign ပြုလုပ်ခြင်းကို ယမန်နေ့မွန်းလွဲ ၃ နာရီကစတင်၍ ဌာနဆိုင်ရာများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ စုပေါင်းကာ လားရှိုးလမ်းမ ဈေးလေးလမ်းဆုံနေရာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကွန်ဟိန်းမြို့၌ Covid-19 ရောဂါကာကွယ်ရေး နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
May 11,2023
Covide-19 ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ဒေသခံတိုင်းရင်းသာပြည်သူများ နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်အသုံးပြုသွားလာကြစေရန်အတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၌ ယနေ့ နံနက် ၇ နာရီခန့်က Covid-19 ရောဂါကာကွယ်ရေး နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို ဌာနဆိုင်ရာများ ပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မိုးနဲမြို့နယ်၌ မြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP) သုံးသပ်ဆွေးနွေးပွဲကျင်းပ
May 11,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်‌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်‌ ရေးဦးစီးဌာနမှ ဘဏ္ဍာ‌ရေးနှစ်အလိုက်‌ ဆောင်ရွက်လျက်ရှိသော မြိစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)လုပ်ငန်းများ မြို့နယ်အဆင့် သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မြို့သစ်မြို့ စည်ပင်သာယာစျေးတွင် ခရမ်းချဥ်သီးစျေးနှုန်းများ အနည်းငယ်ကျဆင်းနေ
May 11,2023
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားပြီးလုပ်ကိုင်ကြပြီး "ပဲ၊ ပြောင်း၊ စပါး၊ နှမ်းနှင့်မြေပဲ" တို့နှင့်အတူ မြို့နယ်အတွင်းမှ တောင်သူ များသည် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ခရမ်းချဥ်သီးကို အဓိကထားစိုက်ပျိုးခဲ့ရာ ခရမ်းချဉ်သီးဈေးများ ကျဆင်းနေသဖြင့် အရှုံးပေါ်နေကြောင်း မြို့သစ်မြို့နယ်အတွင်းမှ ခရမ်းချဉ်စိုက်တောင်သူများထံက သိရသည်။
မိုင်းစံမြို့တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပြင်ဆင်ထားရှိမှုနှင့် ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်
May 11,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းစံမြို့တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် ရှာဖွေ၊ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်မှုများကို ယနေ့နံနက်(၁၀)နာရီအချိန်က အမှတ်(၁)ရပ်ကွက်၊ မြို့လယ်ဘောလုံးကွင်း၌ ဆောင်ရွက်ခဲ့သည်။
ကျောက်ဆည်မြို့အေးမြအေးကြည်လင်ဈေးတွင် ပြည်သူများအား မုန်တိုင်းဘေးပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
May 11,2023
န္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့အေးမြကြည်လင်ဈေးတွင် ပြည်သူများအား မုန်တိုင်းဘေးအန္တရာယ်ဆောင်ရန်၊ရှောင်အချက်များ သိရှိစေရန် ယမန်နေ့ နံနက်(၈)နာရီက မုန်တိုင်းဘေးပညာပေး လက်ကမ်းစာစောင်များကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာနနှင့် ခရိုင်ဘေးအန္တရာယ်ဆို င်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနတို့ပူးပေါင်း ဖြန့်ဝေခဲ့ကြောင်း သိရသည်။
လိပ်သိုဒေသတွင် အုန်းပင်များကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးလာ
May 11,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံများမှာ နှစ်ရှည်သီးနှံ ဉယျာဉ်ခြံများကို အဓိကထား လုပ်ကိုင်အသက် မွေးဝမ်းကျောင်း ပြုခဲ့ကြသော်လည်း နှစ်ရှည်သီးနှံတစ်မျိုးဖြစ်သည့် အုန်းပင်စိုက်ပျိုးမှုကိုမူ စိတ်ဝင်စားစွာ စိုက်ပျိုးသူလွန်စွာနည်းပါးခဲ့ပြီး စမ်းသပ်စိုက်ပျိုးမှုသာရှိခဲ့ကြောင်း သိရသည်။