လောင်းလုံး ဇူလိုင် ၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသာ ကောင်းမွန်သော တိရစ္ဆာန်မွေးမြူရေးကျင့်စဥ်နှင့် ဘဲမွေးမြူရေးဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့ နံနက် (၁၀) နာရီ အချိန်က မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံး ခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
ဆွေးနွေးပွဲတွင် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသိန်းဇော်က အမှာစကားပြောကြားရာ၌ ဘဲမွေးမြူရေးနှင့် ပတ်သက်၍ မွေးမြူပုံနည်းများ၊ ကျွေးမွေးရမည့်အစားအစာများ၊ ထားရှိရမည့်နေရာ၊ ဆောင်ရန်ရှောင်ရန်များကို အဆင့်ဆင့် ဆွေးနွေးကာ တက်ရောက်လာကြသော မွေးမြူးရေးခြံပိုင်ရှင်များနှင့် တောင်သူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးကာ ဒေါက်တာသိန်းဇော်က ပြန်လည်းဖြေကြားပေးခဲ့၍ မွေးမြူရေးနှင့်ပတ်သက်သော စာအုပ်များကို အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသိန်းဇော်နှင့် ဝန်ထမ်းများ၊ တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သိန်းသိန်း(လောင်းလုံး)