ဝမ်းတွင်းမြို့နယ်တွင် မိုးရာသီသစ်ပင်စိုက်ပွဲတော်ကျင်းပ

ဝမ်းတွင်း ဇူလိုင် ၂

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် အပူပိုင်းဒေသစိမ်းလန်းစိုပြေရေးဦးစီးဌာနမှ ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပွဲတော်ကို ယမန်နေ့က တောင်ကိုးလုံး အဆိုပြု ကာကွယ်တောတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြင့်သိန်း၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသက်နိုင်၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ အမျိုးသမီးရေးရာကော်မတီဥက္ကဌဒေါ်နှင်းမွန်မွန်ဝင်း၊ သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲလွင်၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေး ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်အုန်းတို့က သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ် ရေးမှူးများထံ ပျိုးပင်များပေးအပ်ခဲ့ပြီး ကြွရောက်လာကြသော တာဝန်ရှိသူအသီးသီးနှင့် ပြည်သူများက တပျော်တစ်ပါး ပျိုးပင်များစိုက်ပျိုးခဲ့ကြကာ သစ်ပင်များစိုက်ပျိုးနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့ တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုခဲ့ကြောင်း  သိရသည်။

အဆိုပါ တောင်ကိုးလုံးအဆိုပြု ကာကွယ်​တောအား ပြန်လည်စိမ်းလန်းစိုပြည်လာ​စေရန် ရည်ရွယ်ချက်များဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ကျင်းပခြင်းဖြစ်ပြီး ကျွန်း (၁၀၀) ပင်၊၊ပိ​တောက်(၁၀၀)ပင်၊ ပန်းချယ်ရီ (၁၀)ပင်၊ ဝါး(၅၀)ပင်၊ဇီးဖြူ(၁၀)ပင်၊ စိန်ပန်း(၃၀၀)ပင်၊ သင်္ဘော ကုက္ကို(၁၆၃၀)ပင်၊ စုစု​ပေါင်းသစ်မျိုးသစ်ပင်(၂၂၀၀)အား စုပေါင်းစိုက်ပျိုးခဲ့ကြပြီး အခမ်းအနား အပြီးတွင် အမှတ်တရ စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်