သံဖြူဇရပ်မြို့နယ် ကျိုက္ခမီ၌ ပင်လယ်ရေပြင်ခရီး ငါးဖမ်းထွက်မည့် စက်လှေများအား စစ်ဆေးခြင်းများ ဆောင်ရွက်

သံဖြူဇရပ် ဇူလိုင် ၂

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့၌ ပင်လယ်ပြင်သို့ ကမ်း​ဝေးငါးဖမ်း ထွက်မည့် စက်လှေများအား စစ်ဆေးခြင်းလုပ်ငန်းကို ဇူလိုင် ၁ ရက်နေ့ မွန်းလွဲပိုင်းက ကျိုက္ခမီမြို့ အောင်သုခရပ်ကွက်ရှိ လှေဆိပ်တွင် ပြုလုပ်သည်။

အဆိုပါစစ်ဆေးခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်နှင့် အဖွဲ့ဝင်များ၊ ​မြို့နယ်ငါးလုပ်ငန်းဦးစီးမှူး ဦးသက်နိုင်ဝင်းနှင့် ဝန်ထမ်းများ၊ ကျိုက္ခမီရဲစခန်းမှူးနှင့် အဖွဲ့တို့မှ အောင်သုခရပ်ကွက်ရှိ လှေဆိပ်တွင် ကျိုက္ခမီမြို့မှ ပင်လယ်ရေပြင်သို့ ဇူလိုင် ၁ ရက်နေ့မှ စတင်၍ ငါးဖမ်းထွက်ကြမည့် စက်လှေ (၅၆) စီး နှင့်ရေလုပ်သား (၈၄၀) ဦးတို့အား ထုတ်ပေးထားသည့် လိုင်စင်ရှိ/မရှိ၊ VMSSEAI သံမဏိချိတ်ကြိုးနှင့် စတေကာများ ပျက်ယွင်းမှုမရှိစေရေး၊ အခွန်ပေးသွင်းခြင်း၊ ငါးဖမ်းလိုင်စင်ခွန် ပေးသွင်းခြင်း၊ ဆက်သွယ်ရေးစက်လိုင်း ဝင်ကြေးများပေးသွင်းခြင်း ရှိ/မရှိစစ်ဆေးပြီး အဆိုပါစက်လှေသို့ လိုက်ပါမည့်လုပ်သားများ မှန်/မမှန် စသည့်အချက်များ စစ်ဆေးသည်။

ကျိုက္ခမီမြို့မှ ပင်လယ်ပြင်သို့ ငါးဖမ်းထွက်ခွာမည့် စက်လှေများသည် ယခင်ငါးရစ်ကျချိန် ငါးမျာဖမ်းဆီးခြင်းကို တားမြစ်ထားပြီး ယခုဇူလိုင် ၁ ရက်နေ့မှစ၍ ငါးဖမ်းရက်​ ပေါင်း (၆၀) သွားရောက်ဖမ်းဆီးရန် ထွက်ခွာသွားပြီးဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်ထံမှ သိရသည်။

မြို့နယ်( ပြန်/ဆက်)