မြို့သစ် ဇူလိုင် ၂
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် လူဝင်မှုကြီးကရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက (Biometric) အချက်အလက်စာရင်း ကောက်ယူခြင်းလုပ်ငန်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမတွင် ဇွန်လ ၂၃ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ပြီး ယနေ့နံနက်ပိုင်းက ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဦးတည်ဌာနဆိုင်ရာရုံးများအလိုက် နိုင်ငံ့ဝန်ထမ်းများနှင့် ၄င်းတို့၏အသက် (၁၀) နှစ်နှင့်အထက် မိသားစုဝင်များအား (Biometric) အချက်အလက်များ ကောက်ယူခြင်း၊ နိုင်ငံသားတို့၏ Biographic Data နှင့် Biometric Data များကောက်ယူ၍ Database တွင်ထည့်သွင်းသိမ်းဆည်းခဲ့သည်။
ထို့နောက် ဂဏန်း (၁၀) လုံးပါဝင်သည့် Unique ID နံပါတ်ပါ ကတ်ပြားများကိုလည်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။
သန်းဝင်းထွန်း ( ပြန်/ဆက်)