တောင်ကြီး ဇူလိုင် ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်ရှိ ဂနိုင်ရေကန် ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးနှင့် မြေအောက်ရေ ထိန်းသိမ်းနိုင်ရန်အတွက် ဇူလိုင် (၂) ရက် နံနက် (၈) နာရီက အဆိုပါ ဂနိုင်ရေကန်ပတ်ဝန်းကျင်၌ မိုးရာသီသစ်ပင်စိုက်ပျိုးကြကြောင်း သိရသည်။
သစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ သစ်ပင်ချစ်သူများ၊ NGO အဖွဲ့များ သစ်ပင်စိုက်ပျိုးပေးကြသည်။
အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် မာတာကွတ် (၄၀၀) ပင်၊ စိန်ပန်းပြာ (၃၅၀) ပင်၊ ရေမဲပင် (၃၀၀) ပင် စုစုပေါင်း (၁၀၅၀) ပင် စိုက်ပျိုးပေးကြကြောင်း သိရှိရသည်။
မောင်မောင်သန်း (တောင်ကြီး)