မှော်ဘီ(ရန်ကုန်) ဇူလိုင် ၂
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်တွင်၂၀၂၃-၂၀၂၄ ပညာသင်နှစ်အခြေခံပညာ ကျောင်းများ ပြန်လည်ဖွင့်လှစ်၍ ပညာသင်ကြားနေချိန်တွင် ကျောင်းပတ်ဝန်းကျင်နှင့် ကျောင်းစာသင်ခန်းများအတွင်း၊ ကျောင်းသား၊ ကျောင်းသူများ သွေးလွန်တုတ်ကွေး ရောဂါမဖြစ်စေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၇ နာရီက မှော်ဘီအောက်ချိုင်း အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
အဆိုပါဆောင်ရွက်ရာတွင် မှော်ဘီမြို့နယ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ လက်ထောက် ညွန်ကြားရေးမှူးနှင့် မှော်ဘီအောက်ချိုင်း အခြခံပညာကျောင်းအုပ်ကြီးတို့ ဉီးဆောင်၍ ကျောင်းပတ်ဝန်းကျင်နှင့် ကျောင်းစာသင်ခန်းများအတွင်း ခြင်ဆေးမှုတ်ခြင်း၊ ကျောင်းရေကန်များ အတွင်း အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မှော်ဘီမြို့နယ်စည်ပင်သာယာရေးအဖွဲ့ လက်ထောက်ညွန်ကြားရေးမှူး ဉီးခင်ဉီး၊ အောက်ချိုင်း(အ-မ-က)ကျောင်းအုပ်ကြီး ဒေါ်စုစုကြည်နှင့်ဆရာ၊ ဆရာမများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မီးသတ်အဖွဲ့များ၊ စည်ပင်သာယာရေး ဝန်ထမ်းများဉီးစီး၍ စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဉီးဝင်းဇော်(ပြန်/ဆက်)