သတင်းများ

ပုလောမြို့ အမှတ်(၁)ရပ်ကွက်အတွင်းရှိ မီးဘေးသင့်အိမ်ထောင်စုများအား အဝတ်အစားနှင့် အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်
May 15,2023
ပုလောမြို့အမှတ်(၁)ရပ်ကွက်အတွင်းရှိ မီးဘေးသင့်အိမ်ထောင်စုများအား အိမ်ဆောက်ပစ္စည်းများနှင့် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နေ့လည် ၂ နာရီ အချိန်က ပုလောမြို့အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
(ဟင်္သာတ)တပ်နယ်မှူး ဗိုလ်မှူးချုပ် ဇော်မြင့်ဦးက မုန်တိုင်းဘေးအန္တရာယ် ကာကွယ်ပြင်ဆင် ဆောင်ရွက်ထားရှိမှုနှင့် မြို့နယ်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ကြီးကြပ်ကွပ်ကဲရေးအဖွဲ့များဖြင့် တွေ့ဆုံပွဲပြုလုပ်
May 15,2023
ဧရာဝတီတိုင်းဒေသကြီး၊ (ဟင်္သာတ) တပ်နယ်မှူး ဗိုလ်မှူးချုပ် ဇော်မြင့်ဦးကို ယမန်နေ့ နေ့လယ် (၁)နာရီအချိန်က မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် အဖွဲ့ဝင်များက ဇီးပင်ကွင်းအုပ်စု အုတ်ပုံ စုပေါင်းစစ်ဆေးရေးဂိတ်တွင် ကြိုဆိုခဲ့ကြသည်။
သံတွဲမြို့နယ်အတွင်း “မိုခါ”မုန်တိုင်းတိုက်ခတ်မှုကြောင့် လဲကျ၊ကျိုးပဲ့နေသောသစ်ပင်များအား ခုတ်ထွင်ရှင်းလင်းရေးဆောင်ရွက်
May 15,2023
သံတွဲမြို့နယ်အတွင်း “မိုခါ”မုန်တိုင်းတိုက်ခတ်မှုကြောင့် လဲကျ၊ကျိုးပဲ့နေသောသစ်ပင်များအား ခုတ်ထွင်ရှင်းလင်းရေးဆောင်ရွက်မှုများကို ယမန်နေ့ ညနေမှစ၍ သံတွဲမြို့ နယ်မီးသတ်တပ်ဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့များပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ပခုက္ကူမြို့နယ်တွင် မုန်တိုင်းဒဏ်ကြောင့် ကွန်ကရစ်မီးတိုင်များနှင့် ဓာတ်အားလိုင်းတာဝါတိုင် ကျိုးကျမှု ဖြစ်ပွား
May 15,2023
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)လေတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချောင်းရေများကျကာ ပခုက္ကူမြို့နယ်၊ ကမ္မမြို့တွင် ကွန်ကရစ်မီးတိုင် ငါးတိုင်နှင့် မြစ်ခြေမြို့အနီးရှိ 132kv ကျွန်းချောင်း-ဗုဒ္ဓကုန်းဓာတ်အားလိုင်းတာဝါတိုင် တစ်တိုင် ယမန်နေ့ ညနေပိုင်းက ကျိုးကျမှုဖြစ်ပွားခဲ့သည်။
ဒေးဒရဲမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် စာသင်ဆောင်များနှင့် လူနေအိမ်များ ပျက်စီး
May 15,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ယမန်နေ့ညပိုင်းက ရုတ်တရက်လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် စာသင်ဆောင်များ အမိုးလန်ခြင်းနှင့် လူနေအိမ်များပြိုကျပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ်၌ မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ်တစ်လုံးပြိုကျ အချို့အမိုးလန်၊ သစ်ပင်သစ်ကိုင်းများ ကျိုးကျမှုဖြစ်ပွား
May 15,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ မေလ(၁၄)ရက် ည(၉)နာရီခွဲ အချိန်တွင် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ်တစ်လုံးပြိုကျ အချို့ အမိုးလန်၊ သစ်ပင်သစ်ကိုင်းများ ကျိုးကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ် ရှမ်းရွာကျေးရွာတွင် (၃)ကြိမ်မြောက် ယဉ်ကျေးလိမ္မာဓမ္မစကူးသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
May 15,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ရှမ်းရွာကျေးရွာတွင် ဟိတဓရဖောင်ဒေးရှင်း(ခွဲ) အသင်းမှကြီးမှုးကျင်းပသော (၃)ကြိမ်မြောက် ယဉ်ကျေးလိမ္မာ ဓမ္မစကူးလ်သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့က ရှမ်းရွာကျေးရွာဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ဆောင်ရွက်ခဲ့သည်။
ကျွန်းလှမြို့နယ်၌ ကိုဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိ
May 15,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို အပတ်စဉ် မြို့နယ်မိခင်နှင့် ကျန်းမာရေးဦးစီးဌာန၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။