ဘိုကလေးပညာရေး ဒီဂရီကောလိပ်တွင် ပညာရေးဘွဲ့ စာပေးစာယူ(၁/၂၂) ဒုတိယနှစ် သင်တန်းဆင်းပွဲ ကျင်းပ
May 15,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ဘိုကလေးပညာရေး ဒီဂရီကောလိပ်တွင် ပညာရေးဘွဲ့ (B.Ed) စာပေးစာယူသင်တန်း(၃/၂၃)ပထမနှစ်နှင့် (၁/၂၂)ဒုတိယနှစ်သင်တန်းအား ဖွင့်လှစ်ပို့ချ သင်ကြားလျက်ရှိရာ ယနေ့နံနက်(၉)နာရီ၌ အဆိုပါ ကောလိပ်ခန်းမ၌ (၁/၂၂) ဒုတိယနှစ်သင်တန်းဆင်းပွဲ ကျင်းပခဲ့ပြီး ဖျာပုံခရိုင်ပညာရေးမှူး ဒေါ်အေးမြင့်၊ ဘိုကလေးမြို့နယ် စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံဝင်းနှင့် အဖွဲ့ဝင်များ ဘိုကလေးပညာရေး ဒီဂရီကောလိပ်မှ တာဝန်ရှိသူများနှင့် သင်တန်းသား/သူများ တက်ရောက်ကြသည်။