သတင်းများ

လေးမျက်နှာမြို့နယ်၌ မိုးသည်းထန်းစွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၁၁)လုံး ပြိုကျပျက်စီးခြင်းနှင့် အမိုးလန်ခြင်းများ ဖြစ်ပွား
May 15,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၌ မေ ၁၄ ရက်နေ့ ညနေပိုင်းနှင့် ညပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၁၁)လုံးပြိုကျ ပျက်စီးခြင်းနှင့် အမိုးလန်ခြင်းများဖြစ်ပွားခဲ့သည်။
မန့်ဟီးရိုးမြို့တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ညှိုနှိုင်းအစည်းအဝေး ကျင်းပ
May 15,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ကြေညာချက်အရ သဘာဝဘေးမုန်တိုင်းအန္တရာယ်ကို ကြိုတင်ကာကွယ်ရန်နှင့် ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရှိရမည်တို့ကို မန့်ဟီးရိုးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးညှိနှိုင်းအစည်းအဝေး ကျင်းပ ဆောင်ရွက်ခဲ့ပါသည်။
လိပ်သိုမြို့တွင် တစ်နိုင်တစ်ပိုင် စီးပွားဖြစ် ဖရဲစမ်းသပ်စိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်း
May 15,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊လိပ်သိုမြို့ရှိ လယ်မြေအချို့ကို နှစ်သီးစားအဖြစ် ဖန်တီးကာ စီးပွားဖြစ် (၆၁၁) ဖရဲမျိုးများ စမ်းသပ်စိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းလျက် ရှိကြောင်း သိရသည်။
ကျိုင်းလပ်မြို့၌ Mobile Library စနစ်ဖြင့် စာအုပ်စာ‌စောင်များ ငှားရမ်း‌ပေးခြင်း ဆောင်ရွက်
May 15,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းနှင့် စာအုပ်များ အသစ်လဲလှယ်‌ပေးခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန်က ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သရက်ချောင်းမြို့နယ်၌ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို အသိပညာပေးနှိုးဆော်ခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်
May 15,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့၊ မြို့ပေါ်ရပ်ကွက် ကျောက်မြောင်းရပ်ကွက်နေ ပြည်သူများအား ယနေ့နံနက် ၉ နာရီအချိန်က ၅ ဂါလန်ဆံ့ ပလပ်စတစ်ပုံးများအား ရေသန့်ထည်၍ ကြိုတင်ပြင်ဆင်ထားရှိနိုင်ရေးနည်းလမ်းများကို အသိပညာပေးခြင်းနှင့် သရုပ်ပြ၍ အသိပညာပေး နှိုးဆော်ခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။
ရှမ်းရွာသစ်မြို့တွင် Book Club အသင်းနှင့် ပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်
May 15,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် လူငယ်များ စာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ အကြောင်း သိရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် စာရေးဆရာချစ်နိုင် (စိတ်ပညာ)ရေးသားသော "ခေါင်းဆောင်မှုအတွေး၏အရေးပါမှု" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် လျှပ်စစ်မီးတိုင်များလဲကျမှုဖြစ်ပွား
May 15,2023
ကျိုက်ထိုမြို့နယ်အတွင်း မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ယနေ့နံနက်(၁၀)နာရီအချိန်ခန့်၌  ကျိုက်ထိုမြို့နယ်၊ မလော့ချောင်ကျေးရွာအုပ်စု၊ ကျိုက္ကသာကျေးရွာစု၊ ခလွန်ကျေးရွာအုပ်စု၊ စွပ္ပနူးကျေးရွာအုပ်စုများသို့ သွယ်တန်းထားသော ကိုယ်ထူကိုယ်ထ 11 KV ဓါတ်အားလိုင်း လျှပ်စစ်မီးတိုင်များအနက် မုက္ခမူကျေးရွာအုပ်စုနှင့် မလော့ချောင်ကျေးရွာအုပ်စုအကြားရှိ လျှပ်စစ်မီးတိုင်(၁၂)တိုင်မှာ တိုင်အရင်းနှင့်တိုင်အလယ်များမှ ပြတ်ထွက်ကာလဲကျခဲ့ပြီး ကာလတန်ဖိုး(၁)တိုင်လျှင် (၂)သိန်းကျပ်ဖြင့် စုစုပေါင်းတန်ဖိုး(၂၄)သိန်းကျပ် ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် လျှပ်စစ်မီးကြိုးများ ပျက်စီးဆုံးရှုံးမှုမရှိကြောင်း သိရသည်။
လိပ်သိုမြို့ ကရင်နှစ်ခြင်းခရစ်ယာန်ဘုရားရှိခိုးကျောင်းတွင် မိခင်များနေ့ အထူးဝတ်ပြုဆုတောင်းဂုဏ်ပြုပွဲ ပြုလုပ်
May 15,2023
ဂေခိုဂေဘားနှစ်ခြင်းခရစ်ယာန်သာသနာ လိပ်သိုမြို့ ကရင်နှစ်ခြင်းခရစ်ယာန် ဘုရားရှိခိုးကျောင်းတွင် ယမန်နေ့ နံနက် ၁၁ နာရီအချိန်က မိခင်များနေ့တွင် မိခင်များအား ဂုဏ်ပြုအထူးဝတ်ပြုဆုတောင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ကြောင်း သိရသည်။