ဟိုပန် ဇူလိုင် ၄
"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်တွင် အသက်(၂)လမှ တစ်နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရတွင် ဟိုပန်မြို့၊ ရုံးကုန်းရပ်ကွက်ရှိ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆက်လက် ထိုးနှံတိုက်ကျွေးပေးခဲ့ သည်။
ပုံမှန်ကာကွယ်ဆေးထိုးနှံရာတွင် ဟိုပန်မြို့နယ်၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ တာဝန်ခံဆရာမ ဒေါ်ခင်ခင်ဌေးနှင့် ဝန်ထမ်းများက ကလေးငယ်များအား ကာကွယ်ဆေးမထိုးနှံမ အသက်အလိုက် သတ်မှတ်ပေါင်ချိန်ပြည့်မီခြင်းရှိ/မရှိ၊ ကာကွယ်ဆေးထိုးမှတ်တမ်းများ၊ ကာကွယ် ဆေးထိုးခြင်းမရှိသေးသည့် ကလေးငယ်များအား မွေးစာရင်းများ စသည့်အချက်အလက်များအား တိုက်ဆိုင်စစ်ဆေးကာ လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်၍ သက်ဆိုင်ရာ ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးခဲ့သည်။
ဟိုပန်မြို့နယ်၌ လစဉ် လဆန်းရက်များတွင် ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း ရက်သတ္တပတ်အဖြစ် သတ်မှတ်ကာမြို့နယ်အတွင်းရှိ သက်ဆိုင် ရာ ရပ်ကွက်၊ကျေးရွာ ကျန်းမာရေးဌာနများ၌ ပုံမှန် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။
ဇင်ဇင်(ပြန်/ဆက်)