မိုင်းရယ်မြို့၌ ဇီဝဆိုင်ရာအချက်အလက်စာရင်းကောက်ယူခြင်းများ စတင်တောင်ရွက်

မိုင်းရယ်  ဇူလိုင် ၄

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ဆောင်ရွက်နေသည့် e-ID စနစ် လုပ်ငန်း၏ ဒုတိယအဆင့်ဖြစ်သည့် နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက်နှင့် ဇီဝဆိုင်ရာ အချက်အလက်ကောက်ယူခြင်းကို ယမန်နေ့ နံနက်ပိုင်းမှစ၍ မြို့နယ်အထွေထွေအုပ် ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် စတင်ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် လဝက ဝန်ထမ်းများက ဦးတည်အုပ်စုများဖြစ်သည့် ဌာနဆိုင်ရာများမှ အရာထမ်း၊ အမှုထမ်းများ၏ ကိုယ်ရေးအချက်အလက်များနှင့် ဇီဝဆိုင်ရာ အချက်အလက်များကို စတင်ကောက်ယူခဲ့ကြသည်။

အဆိုပါ ကိုယ်ရေးအချက်အလက်နှင့်ဇီဝဆိုင်ရာအချက်အလက်များ စတင်ကောက်ယူနေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက အားပေးကြည့်ရှုခဲ့ကြသည်။ မိုင်းရယ်မြို့နယ်တွင် ဇီဝဆိုင်ရာအချက်အလက်များကို ဦးတည်အုပ်စုများ အလိုက် သတ်မှတ်အစီအစဉ်များအတိုင်း ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်