သတင်းများ

ညောင်ဦးမြို့နယ် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသအတွင်း မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ရှေးဟောင်းဘုရားစေတီများမှအုတ်များအနည်းငယ်ကွာကျ
May 15,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း မေ ၁၃ ရက်နှင့် ၁၄ ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရှေးဟောင်းအဆောက်အအုံများ အနည်းငယ် ထိခိုက်ပျက်စီးခဲ့ကြောင်းသိရသည်။
မူဆယ်မြို့တွင် သဘာဝဘေးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင် မြေစိုက်နံရံပြဘုတ်တွင် ပြသ 
May 15,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်အတွင်းရှိ ပိတောက်လမ်းနှင့် ပြည်ထောင်စုလမ်းမကြီးလမ်းဆုံရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ နံရံကပ်မြေစိုက်ဘုတ်တွင် ယမန်နေ့ ညနေ(၄း၃၀)အချိန်က သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ ကြိုတင်သတိပေးနှိုးဆော်စာများနှင့် သဘာဝမုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များကို  ပြ‌သဆောင်ရွက်ခဲ့သည်။
မဟာအောင်မြေမြို့နယ် Community Centre ခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်‌ရေး အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ
May 15,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာရေးဆရာမကြီး ဒေါ်နုနုကြည် (အမေ့အိမ်)တို့ ပူးပေါင်းကျင်းပသော မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်‌ရေး အသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက်(၁၁)နာရီက မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကာမိုင်းမြို့၌ မုန်တိုင်းအန္တရာယ် အသိပေးနှိုးဆော်ခြင်းဆောင်ရွက်
May 15,2023
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၌ မုန်တိုင်းအန္တရာယ် အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေ(၄)နာရီခန့်က ဌာနဆိုင်ရာများ ပူး‌ပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဝက်လက်မြို့၌ မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေရာအချို့တွင် သစ်ပင်များ လဲကျရာ ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်
May 15,2023
စစ်ကိုင်းတိုင်း​ဒေသကြီး၊ ​ရွှေဘိုခရိုင်၊ ​ဝက်လက်မြို့နယ်၌ ယမန်​နေ့ ညပိုင်းက မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ယနေ့ နံနက်ပိုင်းတွင် နေရာအချို့ သစ်ပင်များ ပြိုလဲကျရာရှင်းလင်း​ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။
ကြာအင်းဆိပ်ကြီးမြိူ့နယ်၌ သဘာဝသစ်စိမ်းမြေဩဇာ ပိုက်ဆံလျှော်ကြဲပက်ထည့်သွင်းခြင်း ကျင်းပ
May 15,2023
လယ်ယာမြေများတွင် မြေဆီမြေဆီလွှာများ ဖွံ့ဖြိုးတိုးတက်ကောင်းမွန်လာပြီး သီးနှံအထွက်နှုန်း တိုးတက်မြင့်မားလာစေရေးအတွက် တောင်သူအသိပညာပေးခြင်းနှင့် သဘာဝ သစ်စိမ်းမြေဩဇာ ပိုက်ဆံလျှော် ကြဲပက်ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၈ နာရီအချိန်က ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့ အမှတ်(၂)ရပ်ကွက်၊ စိုက်ပျိူရေး လမ်းရှိ မြို့မကွင်း ကွင်းအမှတ်(၇) ဦးပိုင်(၂၁)ခ တောင်သူဦးထွန်းကြည်၏ လယ်မြေ ၅ ဧက၌ ပြုလုပ်ကျင်းပသည်။
ငဖဲမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဘုန်းကြီးကျောင်းအုတ်တံတိုင်း ပြိုကျပျက်စီး
May 15,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ယမန်နေ့များက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဆင်ချည်တိုင်ကျေးရွာအုပ်စု ဆင်ချည်တိုင်ကျေးရွာ သလဲလေးဘုန်းတော်ကြီးကျောင်းဝန်းရှေ့ ကာရံထားသော အုတ်တံတိုင်းများ ယနေ့မွန်းလွဲ ၁၂ နာရီခွဲအချိန်ခန့်က ပြိုလဲပျက်စီးခဲ့ကြောင်း သိရသည်။
ရွှေဘိုမြို့၌ မိုးရွာသွန်းပြီးလေပြင်း တိုက်ခတ်မှုကြောင့် နေရာအချို့တွင် သစ်ပင်များလဲကျရာ ရှင်းလင်းခြင်းလုပ်ငန်းများဆောင်ရွက်
May 15,2023
စစ်ကိုင်းတိုင်း​ဒေသကြီး၊ ​ရွှေဘိုခရိုင်၊ ​ရွှေဘိုမြို့နယ်၌ ယမန်​နေ့ ညပိုင်းက မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ယနေ့ နံနက်ပိုင်းတွင် နေရာအချို့သစ်ပင်များ ပြိုလဲကျရာ ရှင်းလင်း​ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။