သတင်းများ

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကာကွယ်ရန် ရှာဖွေကယ်ဆယ်‌ရေးလုပ်ငန်းများ ဆောင်ရွက်
May 14,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရန်အတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်သော  တာဝန်ရှိသူများက   အချိန်နှင့်တစ်‌ပြေးညီ  ကွင်းဆင်းကြည့်ရှုဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ဒေးဒရဲမြို့၌ လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် လမ်းမပေါ်သို့ သစ်ပင်ပြိုလဲခြင်းများအား မီးသတ်ဦးစီးဌာနက ရှင်းလင်း
May 14,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့၌ မေလ ၁၄ ရက် နံနက် ၉ နာရီခွဲက  လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် ဘုရားကြီးကွက်သစ် (၆)လမ်းတွင် ကုက္ကိုလ်ပင်ပြိုလဲ၍ ဓာတ်တိုင်ပေါ်သို့ လဲကျလျက်ရှိကြောင်း သိရသည်။
မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်များ လဲကျနေမှုအား ရှင်းလင်းဆောင်ရွက်
May 14,2023
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ယနေ့နံနက် ၆ နာရီ ၃၅ မိနစ်က လေပြင်းတိုက်ခတ်မှုကြောင့် (ဋ)ရပ်ကွက်၊ မေတ္တာ(၁)လမ်း၊ အ.မ.က(၁၉)ကျောင်းရှေ့ ကုက္ကိုလ်ပင်လဲကျနေမှုအား မြောက်ဥက္ကလာပမြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစည်သူမျိုးဦးဆောင်၍ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေတပ်ဖွဲ့ဝင်(၇)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၂၀)ဦး၊ ပရဟိတလူမှုရေးအဖွဲ့ဝင်(၃၀)ဦးတို့ဖြင့် သွားရောက်ရှင်းလင်းဆောင်ရွက်ခဲ့ပြီး လူနှင့်တိရိစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှုနှင့် အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိကြောင်းသိရသည်။
တွံတေးမြို့နယ်တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်လဲကျမှုများအား အချိန်နှင့်တ‌စ်ပြေးညီ ရှင်းလင်းဆောင်ရွက်
May 14,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ယနေ့နေလည်၁နာရီခွဲအချိန်က မိုးသက်လေပြင်းများတိုက်ခတ်မှုကြောင့် ရွှေဆံတော်ရပ်ကွက်၊ကျုံးကြီး ဗောဓိကျောင်းတိုက်အတွင်းရှိ တရားထိုင်သော တစ်ပါးကျောင်းပေါ်သစ်ပင်လဲကျမှုများဖြစ်ပွား၍ အချိန်နှင့်တပြေးညီ ရှင်းလင်း‌ဆောင်ရွက်‌ကြောင်း သိရသည်။
အိမ်မဲမြို့နယ်အတွင်း ကျေးရွာများတွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များအမိုးလန်ပျက်စီး
May 14,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်းရှိ ကျေးရွာများတွင် မေလ(၁၃)ရက်နေ့မှ (၁၄)ရက်နေ့ နံနက်ပိုင်းအထိ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များအမိုးလန်ပျက်စီးခဲ့ကြသည်။
မိုခါ မုန်တိုင်းအရှိန်ကြောင့် သန်လျင်မြို့နယ်အတွင်း သစ်ပင်ပြိုလဲမှုများရှိ
May 14,2023
လတ်တလောဖြစ်ပေါ်နေသော ''မိုခါ''မုန်တိုင်း၏အရှိန်ကြောင့် သန်လျင်ခရိုင် သန်လျင်မြို့နယ်အတွင်း ရပ်ကွက်ကျေးရွာအချို့တွင် သစ်ကိုင်းများကျိုးကျခြင်း၊ နေအိမ်နှင့်ဈေးဆိုင်များပေါ်သို့ ကျရောက်ခြင်းများရှိသည့်အတွက် ယနေ့နံနက် ၆ နာရီမှစ၍ မြို့နယ်သဘာဝဘေးကာကွယ်ရေးကော်မတီက ဦးဆောင်၍ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ လူမှုပရဟိတအသင်းအဖွဲ့များပူးပေါင်း၍ ရှင်းလင်းဆောင်ရွက်လျက်ရှိသည်။
ဝါးခယ်မမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်၊ သစ်ကိုင်းများပြိုလဲပျက်စီး
May 14,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ယမန်နေ့ည ၉:၃၀ နာရီအချိန်က မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်၊ သစ်ကိုင်းများ ပြိုလဲပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
သာယာဝတီမြို့တွင် လေပြင်းတိုက်ခတ်မူကြောင့် လူနေအိမ်ခုနစ်လုံးအမိုးလန်၊ တစ်လုံးပြိုလဲပျက်စီး
May 14,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ယနေ့ နံနက် ၇ နာရီ ၅၀ မိနစ်အချိန်ခန့်က လေပြင်းများတိုက်ခတ်မှုကြောင့် သာယာဝတီမြို့နယ်၊ ဖိုးခေါင်ကျေးရွာအုပ်စုတွင် လူနေအိမ်(၆)လုံး၊ ရွာမကျေးရွာအုပ်စုတွင်(၁)လုံး စုစုပေါင်း(၇)လုံး အမိုးလန်ပျက်စီးဆုံးရှုံးခဲ့ပြီး ဖိုးခေါင်ကျေးရွာကျေးရွာအုပ်စုတွင် လူနေအိမ်(၁)လုံးပြိုလဲ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။