သတင်းများ

ကျောက်ဆည်မြို့နယ်တွင် လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် လူနေအိမ်(၄)လုံး၊ အဆောက်အဦး(၁)လုံး စာသင်ကျောင်းမုဒ်ဦး အမိုးလန်ပျက်စီးပြီး ဓာတ်တိုင်(၂)တိုင်နှင့် အုတ်တံတိုင်း ပြိုလဲ
May 15,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် မေ(၁၅)ရက် နံနက်(၃)နာရီ အချိန်ခန့်က လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် လူနေအိမ်(၄)လုံး၊ အဆောက်အဦး(၁)လုံး၊ စာသင်ကျောင်း မုဒ်ဦး အမိုးလန်ပျက်စီးကာ ဓာတ်တိုင်(၂)တိုင်နှင့် အုတ်တံတိုင်း ပြိုလဲပျက်စီးခဲ့ကြောင်း သိရသည်။
ကျောက်ဖြူမြို့၌ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် သစ်ပင်၊ သစ်ကိုင်းများကျိုးကျပြီး ဓာတ်တိုင်များကျိုးကျ၊ လမ်းပိတ်ဆို့မှုမဖြစ်စေရေးနှင့် လျှပ်စစ်မီးများ အမြန်ဆုံးပြန်လည်ရရှိစေရေး တာဝန်ရှိသူများမှ ကွင်းဆင်းဆောင်ရွက်
May 15,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် နေအိမ်အချို့အမိုးလန်ပျက်စီးခဲ့ပြီး သစ်ပင်၊သစ်ကိုင်းများနှင့် ဓာတ်တိုင်များကျိုးကျပျက်စီးသဖြင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက လမ်းများပိတ်ဆို့မှုမဖြစ်စေရေးနှင့် လျှပ်စစ်မီးများ အမြန်ဆုံးပြန်လည်ရရှိစေရေးအတွက် အချိန်နှင့်တစ်ပြေးညီရှင်းလင်း ဆောင်ရွက်လျက်ရှိသည်။
ဥတ္တရသီရိမြို့နယ် တရားရုံးခြံဝန်းအတွင်းမှ ပန်းတောက်ပင်ကျိုးကျ၍ လမ်းပိတ်ဆို့နေမှုအား ရှင်းလင်း ဆောင်ရွက်
May 15,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ ယမန်နေ့ညအချိန်က မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် မြို့နယ်တရားရုံး ခြံဝန်းအတွင်းရှိ ပန်းတောက်ပင် ကျိုးကျ၍ လမ်းပိတ်ဆို့မှုအား တာဝန်ရှိသူများက အချိန်နှင့်တစ်ပြေးညီ ရှင်းလင်း ဆောင်ရွက်ခဲ့ကြသည်။
ကန့်ဘလူမြို့၌ မိုးသက်လေပြင်းများ တိုက်ခတ်မှုကြောင့် သစ်ပင်သစ်ကိုင်းများ ကျိုးကျခြင်းများအား ဖယ်ရှားရှင်းလင်းခြင်းများ ဆောင်ရွက်
May 15,2023
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်ကန့်ဘလူမြို့တွင် မေ ၁၄ ရက်ည ၉ နာရီခွဲခန့်က ဆုန်ကလုန်းမုန်တိုင်း “မိုခါ” မုန်တိုင်းအရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့်လေပြင်းများ တိုက်ခတ်ခဲ့ရာ မြို့ပေါ်ရပ်ကွက်များ၌ သစ်ပင်သစ်ကိုင်းများ ကျိုးကျခြင်းများဖြစ်ပွားခဲ့ကြောင်း သိရသည်။
ကျွန်းစုမြို့တွင် မုန်တိုင်းကာလအတွင်း ဘေးအန္တရာယ်ဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
May 15,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မုန်တိုင်းကာလအတွင်း ဘေးအန္တရာယ်ဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ရေး လက်ကမ်းစာစောင်များကို ယနေ့ နံနက်(၈)နာရီ အချိန်က မြို့ပေါ် အမှတ်(၃) ရပ်ကွက်ရှိ ပြည်သူ့ဆေးရုံအရှေ့၌ အသိပေးဖြန့်ဝေခဲ့ကြောင်း သိရသည်။
ငါးသိုင်းချောင်းမြို့ငါးသိုင်းချောင်းမြို့၊ သောင်ကြီးကျေးရွာအုပ်စု ချောင်းဝကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်တစ်လုံးပြိုကျပျက်စီးမှုဖြစ်ပွား
May 15,2023
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ သောင်ကြီးကျေးရွာအုပ်စု၊ ချောင်းဝကျေးရွာတွင် ယမန်နေ့ ည (၁၈) နာရီ (၅၀) မိနစ်အချိန်က လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်တစ်လုံး ပြိုကျပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-9 ၊ Grade-12 (သင်ရိုးသစ်) ဆင့်ပွားသင်တန်းများဖွင့်ပွဲအခမ်းအနားသို့ ကယားပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင် တက်ရောက်
May 15,2023
၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-9 ၊ Grade-12(သင်ရိုးသစ်) ဆင့်ပွားသင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က လွိုင်ကော်မြို့ ၊ ပြည်နယ်ပညာရေးမှူးရုံး ၊ ပညာ့ဗိမ္မာန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
ပဲခူးတက္ကသိုလ်၌ Grade-12 သင်ရိုးသစ် ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ
May 15,2023
ပဲခူးတိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်းများတွင် Grade-12 သင်ရိုးသစ်အား ကျောင်းဖွင့်ရာသီအမီ အရည်အသွေးပြည့်ဝစွာ သင်ကြားပေးနိုင်ရေးအတွက်  Grade-12 သင်ရိုးသစ်ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပဲခူးတက္ကသိုလ် စုဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများ တက်ရောက်ခဲ့ကြသည်။