ကျောက်ဆည်မြို့တွင် လူငယ်များအချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန် ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်အားကစားလူငယ်များပေါ်ထွန်းလာရေး အခြေခံကရာတေးသင်တန်း တတိယအကြိမ် (အခမဲ့)ဖွင့်လှစ်

ကျောက်ဆည် ဇူလိုင် ၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် လူငယ်များအချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကျန်းမာကြံ့ခိုင်ပြီးထူးချွန်အားကစား လူငယ်များပေါ်ထွန်းလာစေရေးရန်ရည်ရွယ်၍  ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့ညနေ(၄)နာရီက အခြေခံကရာတေးသင်တန်း တတိယအကြိမ်(အခမဲ့) ဖွင့်လှစ်ခဲ့ကြောင်း သိရှသည်။

သင်တန်းတွင် အခြေခံအကြောလျှော့နည်း၊ လက်သီးထိုးနည်း၊ ခြေထောက်ထိုင်နည်း၊ ကာကွယ်နည်း၊ ရိုက်ခတ်နည်း၊ ခြေကန်နည်းများ သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် ကရာတေးအားကစားပြုလုပ်ခြင်းဖြင့် အရိုးနှင့်ကြွက်သားများသန်မာစေခြင်း၊ ကာယပိုင်း၊ ဉာဏပိုင်း၊ စိတ်ပိုင်းဆိုင်ရာများဖွံ့ဖြိုးတိုးတက်လာခြင်း၊ ကျန်းမာရေးနှင့်သက်ဆိုင်သည့်ရောဂါများ ဖြစ်စေနိုင်သည့်အခွင့်အလမ်းများလျော့နည်းစေခြင်း၊ ကိုယ်အလေးချိန် ထိန်းချုပ်နိုင်သည့် နည်းလမ်းကောင်းတစ်ခုဖြစ်ခြင်း၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ လေဖြတ်ရောဂါများဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ခြင်း၊ အမောခံနိုင်ခြင်း၊ သက်လုံကောင်းခြင်း၊ ဦးနှောက်ကြည်လင်ခြင်း၊ ဉာဏ်ရည်ထက်မြက်ခြင်းစသည့် အကျိုးကျေးဇူးများရရှိကြောင်း ကရာတေးနည်းပြဆရာမဒေါ်ထက်ထက်က ပြောပြသည်။

သင်တန်းသို့ ကျောက်ဆည်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်သား/ကျောင်းသူ(၁၈)ဦး တက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းကာလမှ ဇူလိုင်(၃)ရက်နေ့မှ(၇)ရက်နေ့အထိ (၅)ရက်ကြာသင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်နှင့် ဘက်စုံထူးချွန်သည့်လူငယ်များဖြစ်လာစေရန်အတွက် လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုသင်တန်း၊ ပလတ်စတစ်ခြင်းယက်လုပ်မှုသင်တန်း၊ ဆပ်ပြာဆီ ပြုလုပ်နည်းသင်တန်း၊ အခြေခံရှေးဦးပြုစုခြင်းသင်တန်း၊ အခြေခံကွန်ပျူတာသင်တန်း၊ Myanmar Fitness Dance သင်တန်း၊ အခြေခံပန်းချီရေးဆွဲနည်းသင်တန်း၊ အခြေခံအင်္ဂလိပ်စာသင်တန်း၊ အေရိုးဗစ်သင်တန်း၊ စာစီစာကုံးရေးသားနည်း သင်တန်းများအခမဲ့သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

သက်မောင်၊ ခရိုင်(ပြန်/ဆက်)