ကွန်ဟိန်းမြို့၌ ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်း ဆောင်ရွက်

ကွန်ဟိန်း ဇူလိုင် ၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၌ ကိုယ်ဝန်ဆောင်မိခင်များ ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းအား ယနေ့နံနက်(၈:၀၀)နာရီအချိန်ခန့်ကစတင်၍ မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ရာတွင် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကာကွယ်ဆေးများထိုးနှံပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းများအား ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဆောင်ရွက်ခြင်းအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့ပြီး မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များမှ လာရောက်ထိုးနှံခဲ့ကြကြောင်း သိရှိရပါသည်။

မြို့နယ်(ပြန်/ဆက်)