မိုင်းရှူး ဇူလိုင် ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် အသက်(၅)နှစ်အောက်ကလေးငယ်များအား ကာကွယ်ဆေးတိုက်ကျွေး၊ ထိုးနှံပေးခြင်းနှင့် RUSF(အာဟာရမုန့်)ဝေငှပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက အသက်(၅)နှစ်အောက် ကလေးငယ်များအား ကိုယ်အလေးချိန်တိုင်းတာပေးခြင်း၊ ဘီစီဂျီ၊ အသည်းရောင်အသားဝါ(ဘီ)၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျှော(ရိုတာ)၊ ပိုလီယို၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ ဦးနှောက်အမှေးရောင်(ငါးမျိုးစပ် ကာကွယ်ဆေး)၊ ဝက်သက်၊ ဂျိုက်သိုး၊ ဂျပန်ဦးနှောက်ရောင်စသည့် ပုံမှန်ကာကွယ်ဆေးများကို စနစ်တကျတိုက်ကျွေး၊ ထိုးနှံပေးခဲ့ပြီး အသက်(၆)လမှ (၅)နှစ်အထိ ကလေးငယ်များကို RUSF(အာဟာရမုန့်)များ ဝေငှပေးကြောင်း သိရသည်။
သန်းလူ(ပြန်/ဆက်)