တနင်္သာရီမြို့၏ ကျက်သရေဆောင် သမိုင်းဝင်ရာဇမင်္ဂလာကန်တော်အား မူလပုံစံမပျက် အဆင်မြင့်တင်ပြုပြင်မွမ်းမံလျက်ရှိ
May 15,2023
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်၏ ကျက်သရေဆောင် သမိုင်းဝင်ရာဇမင်္ဂလာ ကန်တော်အား တနင်္သာရီမြို့နယ်၊ အမှတ်(၂) စစ်နယ်မြေမှူး ဗိုလ်မှူးကြီး အောင်ကိုလတ်ကိုယ်တိုင် ဦးဆောင်မှုဖြင့် ကန်ဘောင်ရိုးအဆင့်မြှင့်တင်ခြင်း၊ ကန်အလယ်ရှိရှင်ဥပဂုတ္တရုပ်ပွားတော်ကို ပူဇော်ရန်ဆက်သွယ်ထားသည့် သစ်သား တိုင်များအစား (၇၆ပေ-၆ပေ)အရွယ် သံကူကွန်ကရစ်တံတားအဖြစ်သို့လည်းကောင်း၊ ရှင်ဥပဂုတ္တရုပ်ပွားတော်ပူဇော်ခံ ကျောင်းဆောင်တို့ကို (၂၀ပေ-၂၀ပေ) အထိသို့လည်းကောင်း မူလ ပုံစံမပျက်စေဘဲ အဆင့်မြင့်တင်၍ ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများကို ခန့်မှန်း ကုန်ကျငွေသိန်း(၅၃၀)ခန့်ဖြင့် ၂၀၂၃ခုနှစ်၊ ဧပြီလလယ်မှစ၍ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာ ယနေ့အထိ လုပ်ငန်းအားလုံး၏ (၃၀)ရာနှုန်းခန့်ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။