သံတောင်ကြီး ဇူလိုင် ၄
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ကျေးရွာဖွံဖြိုးတိုးတက်ရေး စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်း၊ ကျေးရွာလုပ်ငန်းအဖွဲ့ ဖွဲ့စည်းခြင်း ၊စာရင်းထိန်းသိမ်းနည်းပုံစံများ နှင့်လိုအပ်သည်များ ရှင်းလင်းပို့ချခြင်းသင်တန်းကို ယနေ့ နံနက်(၉)နာရီအချိန် သဲပျော်အထက်ကျေးရွာတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ အဆိုပါသင်တန်းတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) မိတ်ဆက်ရှင်းခြင်းနှင့် စာရင်းဇယာများပြည့်စုံမှန်ကန်စွာဖြည့်သွင်းနိုင်ရန် နှင့် ကျေးလက်ဉပဒေများသိရှိစေရန် ရည်ရွယ် ပြီးကျေးလက်ဒေ သဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှမြို့နယ်ဦးစီးမှူးဦးချမ်းငြိမ်းဝင်းနှင့် ဝန်ထမ်းများ ကရှင်းလင်းပို့ချပေးခဲ့ပြီး သင်တန်းတွင် သဲပျော်အထက်ကျေးရွာ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (VDP) မတီဝင်များက တက်ရောက်ခဲ့ကြောင်း သိရသည်။
နော်နော်မူ