ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ နွားပြဂူဘုရားဖူးမြှော်ပြီး (၁၃) ရာစု နံရံဆေးရေးပန်းချီများကို လေ့လာနိုင်

ညောင်ဦး ဇူလိုင် ၄

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ဘုရားဖူးလာရောက်သည့်အခါ အေဒီ (၁၃) ရာစုကတည်ထားသည့် နွားပြဂူဘုရားကိုဖူး မြှော်ပြီး နံရံဆေးရေးပန်းချီများကို လေ့လာနိုင်ကြောင်း သိရသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ နွားပြဂူဘုရားသည် အထပ်နှစ်ဆင့်ပါဂူဘုရားဖြစ်ပြီး (၁၃) ရာစုတွင် နွားများအသင်္ခရာပုဂ္ဂိုလ်မှ တည်ထားကိုးကွယ်ခဲ့ကြောင်း၊ အနောက်ဘက်လှည့် ဂူဘုရားတစ်ဆူဖြစ်ပြီး အာရုံခံခန်းမဆောင်နှင့်ဂန္ဓကုဋီမတို့ပါဝင်ပြီး မြေညီထပ်တွင် ခန်းမနှစ်ခန်းပါရှိသည်။ အတွင်းဂန္ဓကုဋီတိုက်ခန်းတွင် အရပ်လေးမျက်နှာကို မျက်နှာမူထားသော ထိုင်နေဟန်ဗုဒ္ဓဆင်းတုတော်လေးဆူကို တည်ထားပါရှိသည်။ဂူအ တွင်းနံရံများပေါ်တွင် နံရံဆေးရေးပန်းချီများကို လေ့လာနိုင်ကြောင်းရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) တာဝန်ရှိသူများထံက သိရသည်။

နွားပြဂူဘုရား၏ အရှေ့ဘက်ကပ်လျှက် စောလူးမင်းကောင်းမှုတော် မြင်းပြဂူဘုရား၊ မြောက်ဘက်တွင်မီးငြိမ်းကုန်းဂူဘုရား၊ အနောက်မြောက်ဘက်တွင် ပုဂံရှေးဟောင်း သုတေသနပြတိုက်၊ အလောင်းစည်သူမင်းကြီး၏ကောင်းမှုတော် ကန်တော့ပလ္လင်ဘုရား၊ ပုဂံနန်းတော်ရာ၊ တောင်ဘက်တွင် မင်္ဂလာစေတီ၊ မနုဟာဘုရား၊ မြစေတီ၊ ဂူပြောက်ငယ် ဘုရားနှင့်ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေထဲတွင်ဘုရား၊ စေတီ၊ ပုထိုး ၃၈၂၂ ဆူကို လည်း၊ မတူညီသောတည်ထားမှုပုံစံအမျိုးမျိုးတို့ဖြင့် ဘုရားများကိုတဆက်တစပ်တည်း လေ့လာဖူးမြှော်နိုင်ကြောင်း သိရသည်။

ဒီပါလင်း

ညောင်ဦးခရိုင် (ပြန်/ဆက်)