လိပ်သို ဇူလိုင် ၅
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် “(၇၆)နှစ်မြောက် အာဇာနည်နေ့ ” အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့နံနက် (၁၀) နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် စာအုပ်/စာစောင်ပြပွဲ ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဉီးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က စာအုပ်/စာစောင်ပြပွဲ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များနှင့် “ အာဇာနည်နေ့ ” ဖြစ်ပေါ် လာပုံအကြောင်းများကို ရှင်းလင်းပြောကြားခဲ့ပြီး ဒေသနေပြည်သူများ၊ ကျောင်းသား/ကျောင်းသူ များက စာအုပ်စာစောင်များ ပြသဆောင်ရွက်ထားရှိမှုကို လေ့လာကြည့်ရှုခဲ့ကြသည်။
အဆိုပါ စာအုပ်စာစောင်ပြပွဲတွင် အာဇာနည်နေ့အထိမ်းအမှတ် ဂုဏ်ပြုဆောင်းပါးများ၊ ကဗျာများ၊ စာစီစာကုံးစာအုပ်များ၊ ရုပ်ပြကာတွန်းများ၊ ဂျာနယ် စာစောင်များ၊ အာဇာနည်ခေါင်း ဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိမှတ်တမ်း စာအုပ်များအပြင် ကျောင်းသား/ ကျောင်းသူများ၊ ဒေသနေပြည်သူများ လေ့လာဖတ် ရှုနိုင်ရန် အသိပညာဗဟုသုတများ တိုးပွားစေမည့် သုတ/ရသ စာအုပ်များကိုလည်း ခင်းကျင်းပြသထားကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)