တန့်ယန်းမြို့နယ်တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ကာကွယ် ဆေးထိုးနှံ

တန့်ယန်း ဇူလိုင် ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မွေးကင်းစမှ အသက်(၂) နှစ်နှင့်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းကို မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက ဇူလိုင်လ ၄ ရက် နံနက် ၁၀ နာရီမှ စတင်၍ ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ပေးနေသည်။

ထိုသို့ ဆောင်ရွက်ရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဌာန ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်း များက မွေးကင်းစမှ အသက်(၂)နှစ်နှင့်အောက် ကလေးသူငယ်များကို စာရင်းမှတ်တမ်းရေးသွင်း ခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းနှင့် အသက်အရွယ်လိုက် ပိုလီယို၊ ပြင်းထန် ဝမ်းပျက်/ဝမ်းလျှော ရောဂါ (ရိုတာ)၊ တီဘီကာကွယ်ဆေး(ဘီစီဂျီ)၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗီ)၊ ဝက်သက်၊ ဂျိုက်သိုး၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ) စသည့် ကာကွယ်ဆေးများကို တိုက်ကျွေးထိုးနှံပေးခြင်းအား ဆောင်ရွက်ပေးနေပြီး ကျေးရွာအုပ်စုများ အထိပါ ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)