ဝါးခယ်မ ဇူလိုင် ၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ဇူလိုင်လ ၃ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်က အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
ဝါးခယ်မမြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွား စုစုပေါင်း (၈၈၂)ဦးရှိရာ တစ်ဦးလျှင် ၃၀၀၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်းကျပ်(၂၆၄၆၀၀၀၀) ထောက်ပံ့မည်ဖြစ်ရာ မြို့ပေါ်ရပ်ကွက်ရှိ သက်ကြီးဘိုးဘွား (၁၅၉)ဦးအား (ဧပြီ၊ မေ၊ ဇွန်)လများအတွက် တစ်လလျှင် ၁၀၀၀၀ ကျပ် သုံးလစာ တစ်ဦးလျှင် ၃၀၀၀၀ ကျပ်နှုန်းဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးဇော်သန်းဦးဆောင်၍ လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးမှူးဒေါ်တင်တင်မြင့်နှင့် တာဝန်ရှိသူများက အိမ်တိုင်ယာရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် ကျန်ရှိသည့်သက်ကြီးဘိုးဘွားများအား ဆက်လက်ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)