ပင်လုံ ဇူလိုင် ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လုံမြို့ အထက(၁)ကျောင်းတွင် ငလျင်ဘေးအန္တရာယ် သဏ္ဌန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် ကြက်ခြေနီတပ်ဖွဲ့ တို့ ပူးပေါင်း၍ ယနေ့နံနက်(၉)နာရီက ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ အခမ်းအနားကို ခန်းမအတွင်း၌ကျင်းပပြုလုပ်ရာ လွိုင်လင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်မှ အဖွင့်အမှာစကားပြောကြားပါသည်။ ခရိုင်ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်သင်းမြတ်ရည်ဝင်းက ငလျင်ဘေးအန္တရာယ်ဖြစ်ပေါ်လာပါက နေထိုင်ရမည့်ရည်ရွယ်ချက်အားပြောကြားခြင်း၊ ခရိုင်မီးသတ်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်ဝင်းက ငလျင်ဘေး ဇာတ်တိုက်လေ့ကျင့်မှုဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ အသေးစိတ်ရှင်းလင်းပြောကြားပြီးနောက် ၂၀၂၀ခုနှစ်၊ ကျိုင်းတုံမြို့ နှင့် ၂၀၂၃ ခုနှစ်၊ လွိုင်လင်မြို့ အ.ထ.က(၃) တို့တွင် ပြုလုပ်ခဲ့သည့် ငလျင်ဘေးအန္တရာယ်သဏ္ဌန်တူဇာတ်တိုက်လေ့ကျင့်ခြင်း ဗီဒီယိုကလစ် များကိုပြသပါသည်။
ထို့နောက် ငလျင်ဘေးအန္တရာယ်သဏ္ဌန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းကိုပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်/မြို့အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသော ဧည့်သည်များ၊ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ/ဆရာမများ၊ ကျောင်းသား/သူများတက်ရောက်၍ ကြည့်ရှု့အားပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)