မိုးကောင်း ဇူလိုင် ၅
ကျောင်းသား၊ ကျောင်းသူများ လမ်းသွားလမ်းလာ စနစ်တကျစည်းကမ်းရှိစွာ သွားလာတတ်စေရန်ရည်ရွယ်၍ မိုးကောင်းမြို့နယ်ရဲတပ်ဖွဲ့မှ အခြေခံပညာအထက်တန်းကျောင်းများတွင် မှုခင်းပိုင်းနှင့်ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်လျက်ရှိရာ ဇူလိုင်(၄)ရက်နံနက်(၁၀)နာရီတွင် အ.ထ.က(၂)ကျောင်း ရတနာခန်းမဆောင်၌ ဆောင်ရွက်ကြောင်း သိရသည်။
မိုးကောင်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးရဲထွန်းအောင်ဦးစီး၍ အမှတ်(၁၀၁)ယာဉ်ထိန်းရဲ တပ်ဖွဲ့စိတ်မှ တပ်ကြပ်ကြီးစိုးမင်းနိုင်တို့နှင့်အတူ မြို့နယ်ပညာရေးမှူး ဒေါ်နွယ်နွယ်ကြီးကြပ်မှုဖြင့် အ.ထ.က(၂)ကျောင်းသား၊ ကျောင်းသူ(၂၀၀)ခန့်အား မှုခင်းပိုင်းနှင့်ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာများဟောပြောပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများထဲမှ သိရှိလိုသည်များကို ပြန်လည်ရှင်းလင်းခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲများကို ဇူလိုင်လ(၃)ရက်နံနက်(၉)နာရီတွင် အ.ထ.က-နောင်ကိုင်တော် ကျောင်း၌လည်းကောင်း၊ မွန်းလွဲပိုင်းတွင် အ.ထ.က(၁)အခြေခံပညာအထက်တန်းကျောင်း၌လည်းကောင်း အသီးသီးဟောပြောဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)