သတင်းများ

ပွင့်ဖြူမြို့နယ် လက်ပံချည်ပေါ်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေး
Jul 05,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့် အလမ်းများရရှိပြီး မိသားစုဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်၍ ယနေ့ နံနက် ၈ နာရီခွဲက  ပွင့်ဖြူမြို့နယ် လက်ပံချည်ပေါ်ကျေးရွာရှိ စီမံကိန်းဝင်အသင်းသား ၊ အသင်းသူများကို မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေများ ကွင်းဆင်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ငပုတောမြို့နယ်၊ အုန်းပင်စုကျေးရွာရှိ Gasi Fire ဖြင့်လည်ပတ်အသုံးပြုနေသော ဆန်စက်အား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jul 05,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ စက်မှုကြီးကြပ်ရေးနှင့် မှတ်ပုံတင်ရေးဌာနတို့တွင် မှတ်ပုံတင်ထားသောဆန်စက်များအနက် Gasi Fire ဖြင့် အသုံးပြုလည်ပတ်လျက်ရှိသော  အုန်းပင်စုကျေးရွာအုပ်စု၊ အုန်းပင်စုကျေးရွာရှိ မြရတနာဆန်စက်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင်(၂)ဦးသန်းဦးနှင့်တာဝန်ရှိသူများ​က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ဒဂုံမြို့နယ်တွင် (၇၆)နှစ်​မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများကျင်းပ
Jul 05,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်အခြေခံပညာကျောင်းများတွင် ဇူလိုင်လ ၃ ရက်နေ့ နံနက် ၈း၃၀ အချိန်က (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်  ဟောပြောပွဲ၊ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများ အသီးသီးကျင်းပ​ဆောင်ရွက်ခဲ့ကြသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် နေပြည်တော်၊ လယ်ဝေးမြို့နယ်တွင် ၂၀၂၂-၂ဝ၂၃ ခုနှစ်၊ နွေစပါးစံကွက်ရိတ်သိမ်းပွဲအခမ်းအနားတက်ရောက်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု စစ်ဆေး
Jul 05,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်တွင် ၂၀၂၂-၂ဝ၂၃ ခုနှစ်၊ နွေစပါးစံကွက်ရိတ်သိမ်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် သစ်ဆိမ့်ပင်ကျေးရွာအုပ်စု အဆင့်မြင့်လယ်ယာမြေဧက ၂၀၀ စိုက်ကွင်း ရှင်း​လင်းဆောင်၌ ကျင်းပသည်။
ဗိုလ်မှူးချုပ် ကျော်ကျော်စိုးက လေဘေးသင့်ပြည်သူများသို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ သဘာဝဘေးပြန်လည်ထူထောင်ရေးကော်မတီနှင့် အလှူရှင်များထောက်ပံ့သော ထပ်မံရောက်ရှိလာသည့် ပစ္စည်း(၂၂)မျိုးအား မြန်မြန်ဖြန့်ဝေနိုင်ရေးအတွက် ထောက်ပံ့ပစ္စည်းများ ဖွင့်ဖောက်စစ်ဆေးရေးအဖွဲ့
Jul 05,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌ ဗိုလ်မှူးချုပ် ကျော်ကျော်စိုးက လေဘေးသင့်ပြည်သူများသို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ သဘာဝဘေးပြန်လည်ထူထောင်ရေးကော်မတီနှင့် အလှူရှင်များ ထောက်ပံ့သော ထပ်မံရောက်ရှိသည့်ပစ္စည်း(၂၂)မျိုးအား ထောက်ပံ့ပစ္စည်းများဖွင့်ဖောက်စစ်ဆေးရေးအဖွဲ့မှ ဖွင့်ဖောက်စစ်ဆေးပြီး
သုခဒဂုံပြည်သူ့အငှားအိမ်ရာ ငှားရမ်းခွင့်လျှောက်လွှာများ  မြို့နယ်ထွေ/အုပ်ရုံးများတွင် စတင်ရောင်းချ
Jul 05,2023
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်အတွင်းရှိ သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ ငှားရမ်းခွင့် လျှောက်လွှာများ တစ်စောင် (၃၀၀၀) ကျပ်နှုန်းဖြင့် သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ်ချုပ်ရေး မှူးရုံးများတွင် ဇူလိုင်လ (၃)ရက် မှစတင်၍ ရောင်းချပေးနေပြီဖြစ်ကြောင်း DUHD -Ygn ၏ ကြေညာချက်အရ သိရသည်။
ပင်လောင်းမြို့တွင် စားသောက်ဆိုင်များ တရားဝင် ယစ်မျိုးလိုင်စင်လုပ်ငန်းများဖြင့် ရောင်းချ မှုရှိ၊ မရှိ ကွင်းဆင်းစစ်ဆေး
Jul 05,2023
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့တွင် ဖွင့်လှစ်ရောင်းချနေသည့် စားသောက်ဆိုင်များ တရားဝင် ယစ်မျိုးလိုင်စင်လုပ်ငန်းများနှင့် စည်းကမ်းချက်များနှင့်အညီ ရောင်းချမှု ရှိ၊မရှိကို  ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ရွှေပြည်သာမြို့နယ်၌‌ မွေးကင်းစမှအသက်(၂)နှစ်အထိကလေး သူငယ်များအားပုံမှန် ကာကွယ်ဆေးထိုးခြင်းများဆောင်ရွက်
Jul 05,2023
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင်‌ မွေးကင်းစမှ (၂)နှစ်အထိ ကလေးသူငယ်များ အားပုံမှန်ကာကွယ်ဆေးထိုခြင်းများကို ရွှေပြည်သာမြို့နယ် ပြည်သူ့ဆေးရုံနှင့်ရပ်ကွက်များရှိ ဆေးထိုးစုရပ်များတွင် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက်(၉)နာရီတွင် အမှတ်(၁၆)ရပ်‌ ကျန်းမာရေးဆေးပေခန်းတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။