မြောင်းမြ ဇူလိုင် ၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့တွင် (၁၀၁)နှစ်မြောက်အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ဂုဏ်ပြုသောအားဖြင့် မြမျိုးသန့် မျိုးစေ့ထုတ် သမဝါယမအသင်းအား ပံ့ပိုးချေးငွေထုတ်ပေးခြင်း၊ စုဆောင်းငွေအပေါ်အတိုးနှင့်အသင်းသား ထောက်ပံခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀:၀၀နာရီအချိန်က သမဝါယမဦးစီးဌာနရုံးတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စန္ဒာညွှန့်က အဖွင့်အမှာစကားပြောကြားပြီးနောက် ကျေးရွာ(၈)ရွာရှိ အသင်းသား(၄၀)ဦးအား မျိုးသန့် မိုးစပါးစိုက်ဧက(၁၆၈)ဧက အတွက် တစ်ဧကလျှင် (၃)သိန်းနှုန်းဖြင့် ငွေကျပ်(၅၀၄)သိန်းကို ထုတ်ပေးခြင်း၊ စုဆောင်းငွေပေါ်အတိုး(၁၁၁၆၉၀၀)ကျပ်နှင့် အသင်းသားနှင့်ဝန်ထမ်း(၇၃)ဦး အတွက် တစ်ဦးလျှင် ဆီတစ်ပိဿာနှုန်းဖြင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝေဝေ (ပြန်/ ဆက်)