ဇေယျာသီရိ ဇူလိုင် ၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ သစ်တပ်ကျေးရွာအုပ်စု၊ ရှားစေးဖိုကျေးရွာရှိ ဓမ္မပါလဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ တောင်သူများ၏ ဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ ဇေယျာသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်၊ မြိုနယ်ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာန ဦစီးအရာရှိ ဒေါ်အေးမြတ်ငြိမ်း၊ မြိုနယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးချစ်ကြည်မောင်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ သစ်တပ်ကျေးရွာအုပ်စု၊ သပြေပင်ကျေးရွာ၊ ရှားစေးဖိုကျေးရွာနှင့် ကျွန်းရောင်းကျေးရွာအုပ်စု၊ ရွှေပေးကျေးရွာများမှ တောင်သူများတက်ရောက်ခဲ့ပြီး တွေ့ဆုံပွဲတွင် ဇေယျာသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်က ဒေသခံတောင်သူများအနေဖြင့် ယခုတွေ့ဆုံပွဲတွင် စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍများအတွက် လိုအပ်ချက်များရှိပါက သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ပေးမှာဖြစ်ပါကြောင်းနှင့် တောင်သူများအနေဖြင့် မိမိတို့၏လိုအပ်ချက်များကို ပွင့်လင်းစွာတင်ပြနိုင်ကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် ရှားစေးဖိုကျေးရွာမှ တောင်သူဦးဆယ်မောင်က ဖွံဖြိုးရေးလုပ်ငန်းနှင့်ပတ်သက်၍ မိုင်နာ(၅)ရေမြောင်းမှ RC-1 မြောင်းဘောင်အထိ ကုန်ထုတ်လမ်းရိစာခင်းခြင်းလုပ်ငန်း၊ ရွှေပေးကျေးရွာနေ တောင်သူဦးတင်ဦးက RC-1 ဘောင်ရှိ မိုင်နာ(၂)ရေမြောင်းမှ မိုင်နာ(၃)ရေမြောင်းကြားလမ်း ရိစာခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးတင်ပြရာ ဦးဇေထက်အောင်နှင့် တာဝန်ရှိသူများက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း သက်ဆိုင်ရာဌာနများမှ ထည့်သွင်းလျာထားသွားရန် ညှိနှိင်းဆောင်ရွက်ပေးခဲ့ကာ တက်ရောက်လာသည့် ပြည်သူများကို Clean City၊ Green City ၊ Smart City ဆောင်ရွက်နေမှုများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)